Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.
February 16, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃) - ဖေဖော်ဝါရီ ၁၆, ၂၀၂၃ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို အထူးကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ နောက်အပတ်ထဲ မဲခွဲဖို့ ရှိပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ် ထိပ်တန်းသံတမန် Wang Yi တို့ ဥရောပမှာ ကျင်းပမယ့် လုံခြုံရေး ညီလာခံအတွင်း တွေ့ဆုံနိုင်ရေး အမေရိကန်ပြည်ထောင်စုဘက်က ပြင်ဆင်နေပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အထောက်အပံ့ နောက်ထပ် ဒေါ်လာ သန်း၅၀ ကူညီသွားမယ်လို့ ထုတ်ပြန်ကြေညာ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 15, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃) - ဖေဖော်ဝါရီ ၁၅, ၂၀၂၃မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေ၊ အာဏာသိမ်းခဲ့သူတွေ နဲ့ စစ်ကောင်စီ ကို လက်နက်ပံ့ပိုး ထောက်ခံခဲ့သူတွေ အရေးယူခံရအောင် အမေရိကန် အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်း နဲ့ အတူ ဆက်လက်ပူးပေါင်း လုပ်ဆောင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။မြန်မာနိုင်ငံ ဒီမိုကရေစီရေး အဓိကပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အင်အားစုတွေကို နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ပြောပါတယ်။၂၀၂၃ ခုနှစ် မှာယူကရိန်း ကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ လိုတယ်လို့ ကုလသမဂ္ဂ က ပြောကြား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 14, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃) - ဖေဖော်ဝါရီ ၁၄, ၂၀၂၃ယူကရိန်းနိုင်ငံကို နောက်ထပ် လက်နက် ခဲယမ်းတွေ ကတိကဝတ်နဲ့အညီ ပေးအပ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း နေတိုးအဖွဲ့ ကပြောလိုက်တာ၊ တောင်တရုတ်ပင်လယ်မှာ မဟာမိတ် ဖိလစ်ပိုင်နိုင်ငံ တိုက်ခိုက်ခံရရင် ခုခံ ကာကွယ်ပေးသွားမယ်လို့ အမေရိကန်က ထပ်သတိပေးလိုက်တာ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 13, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃) - ဖေဖော်ဝါရီ ၁၃, ၂၀၂၃တူရကီနဲ့ ဆီးရီးယား ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်ပြီး ကျန်ရစ်သူတွေဆက်လက်ရှင်သန်ရေး ကို လုပ်ဆောင်ရတော့မယ်လို့ ကုလသမဂ္ဂ ကူညီထောက်ပံ့ပေးရေးအဖွဲ့ အကြီးအကဲ Martin Griffiths ပြော၊ ရုရှားထိုးစစ်တွေကို ခုခံဖို့ တိုက်လေယာဉ်တွေထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းသမ္မတ Zelenskyy က တောင်းဆို၊ အမေရိကန်နဲ့ ကနေဒါနယ်စပ်မှာ အမျိုးအမည်မသိ အရာဝတ္ထုကို ကို ပစ်ချဖို့ အမေရိကန် သမ္မတ Joe Biden အမိန့်ပေး...more30minPlay
February 10, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃) - ဖေဖော်ဝါရီ ၁၀, ၂၀၂၃လွတ်လပ်ရေးနဲ့ နယ်မြေပိုင်စိုးရေး လိုအပ်သ၍ ယူကရိန်းကို ဥရောပ သမဂ္ဂ က ဆက်လက် ပံ့ပိုးမယ်လို့ ဂျာမန်ဝန်ကြီးချုပ်ပာ၊ အမေရိကန် လေပိုင်နက်ထဲ တရုတ်မိုးပျံပူပေါင်း ရောက်လာခဲ့တာကို အဓိက လုံခြုံရေးကျိုးပေါက်မှုအဖြစ် ရှု့မြင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုပြီး ကန်သမ္မတကို လွှတ်တော်အမတ်တွေ ဝေဖန်...more30minPlay
February 09, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ဝ၉၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၉, ၂၀၂၃တူရကီနဲ့ ဆီးရီးယားမှာ လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံး အရေအတွက်ဟာ ၁၆,၀၀၀ အထိ ရှိသွားပါပြီ။ယူကရိန်းသမ္မတ Zelensky ဟာ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့ကို ရောက်နေပါပြီ။အမေရိကန်စွမ်းအင်လုပ်ငန်း Chevron ကုမ္ပဏီ မြန်မာနိုင်ငံတွင်း ရတနာဓါတ်ငွေ့စီမံကိန်းက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှု ၄၀ ရာခိုင်နှုန်းကျော်ကို ကနေဒါ စွမ်းအင်ကုမ္ပဏီ MTI ကို ရောင်း လိုက်ပြီလို့ စွမ်းအင်လုပ်ငန်းဆိုင်ရာ သတင်းတွေက ဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 08, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ဝ၈၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၈, ၂၀၂၃အမေရိကန်သမ္မတ Joe Biden က သူ့ရဲ့ သမ္မတ သက်တမ်း ၂ နှစ်အတွင်း ဥပဒေပြုရေးနဲ့ မူဝါဒရေးရာ အောင်မြင်မှုတွေကို လွှတ်တော်နှစ်ရပ်ရှေ့ ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။သမ္မတ Joe Biden ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ တိုင်းပြည်အတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုပြီး Arkansas ပြည်နယ် အုပ်ချုပ်ရေးမှုး Sarah Huckabee Sanders က ရီပတ်ဗလစ်ကန်ဘက်က တုံပြန်မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။တူရကီ နဲ့ ဆီးရီးယား မြေငလျင်ကြောင့် သေဆုံးသူ ၉၅၀၀ ကျော်သွားပြီဖြစ်ပြီး အသက်ရှင်ကျန်ခဲ့သူတွေ ကို ရှာဖွေနေပါ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 07, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ဝ၇၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၇, ၂၀၂၃တူရကီ နဲ့ ဆီးရီးယား နယ်စပ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၀၀၀ ကျော် သေဆုံးခဲ့ရပါပြီ။အမေရိကန်စံတော်ချိန် အင်္ဂါနေ့ ညမှာ အမေရိကန် သမ္မတ Joe Biden ဟာ ဒုတိယအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာပါ။မြန်မာပြည်သူတွေနဲ့ရော၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ဗြိတိန်နိုင်ငံက အတူရပ်တည်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောကြား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 06, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီလ ၆၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၆, ၂၀၂၃တနင်္လာနေ့ အစောပိုင်း တူရကီ နိုင်ငံ မှာ ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၁၅၀၀ လောက် သေဆုံး၊ ရုရှားက ယူကရိန်းကိုကျုးကျော်စစ် တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီထဲ ရုရှားဘက်က ထိုးစစ်အရှိန်မြှင့်လာဖွယ်ရှိတယ်လို့ ယူကရိန်း သမ္မတ ပြော၊ အမေရိကန် လေကြောင်း ပိုင်နက် နယ်နမိတ်ထဲကို ကျုးကျော်ဝင်လာတဲ့ မိုးပျံပူပေါင်းကြီးကို အမေရိကန် စစ်တပ်က ပစ်ချခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်...more30minPlay
February 03, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၃၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၃, ၂၀၂၃ယူကရိန်းနိုင်ငံ အီးယူအဖွဲ့ဝင် ဖြစ်လာရေး ကြိုးပမ်းနေတာတွေကို ထောက်ခံ အားပေးသွားမယ့် အကြောင်း ဥရောပကောင်စီ အကြီးအကဲ ကတိပြု၊ တရုတ်နိုင်ငံဘက်က ထောက်လှမ်းစောင့်ကြည့်ဖို့ လွှတ်ထားတယ်ဆိုပြီး သံသဖြစ်ဖွယ် မိုးပျံပူပေါင်းကြီးတလုံး အမေရိကန် Montana ပြည်နယ်ပေါ်မှာ ဝဲပျံနေ၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၆ လ သက်တမ်းတိုးထားချိန်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ မရှိတဲ့ကြောင်း စစ်ကောင်စီ ပြော...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.