Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.
February 02, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၂, ၂၀၂၃မြန်မာနိုင်ငံက အခြေအနေတွေဟာ ပုံမှန် မရောက်ရှိသေးတဲ့အတွက် အရေးပေါ်အခြေအနေ နောက်ထပ် ၆ လ စစ်ကောင်စီက သက်တမ်းတိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စစ်ကောင်စီကို ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ထိုင်းနိုင်ငံ ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ရက်ကြာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို ပြန်ပို့ ....စတဲ့သတင်းတွေနဲ့အတူ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
February 01, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၃) - ဖေဖော်ဝါရီ ၀၁, ၂၀၂၃မြန်မာစစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့မှာ ဥရောပသမဂ္ဂ၊ ဗြိတိန် နဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝှမ်းက မြို့တွေမှာ နေအိမ်အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ဆန္ဒပြခဲ့ကြပါတယ်။စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ဆန့်ကျင်သူတွေကို ခြေမှုန်းဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ပြော ....စတဲ့သတင်းတွေနဲ့အတူ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။...more30minPlay
January 31, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၃၁၊ ၂၀၂၃) - ဇန်နဝါရီ ၃၁, ၂၀၂၃မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း အခြေအနေတွေပိုဆိုးလာတာကြောင့် အကြမ်းဖက်လုပ်ရပ် အားလုံးကို ရှုတ်ချတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။မြန်မာဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အတိုက်အခံ အင်အားစုတွေကို ပိုပြီးထောက်ခံဖို့ မြန်မာနိုင်ငံမှာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ပြည့် အချိန်မှာ နိုင်ငံတကာ အသိုင်းအဝန်းကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံလက်ရှိအခြေအနေဟာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေတယ်လို့ သုံးသပ် ....စတဲ့သတင်းတွေနဲ့အတူ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထူးသတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။...more30minPlay
January 30, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၃၀၊ ၂၀၂၃) - ဇန်နဝါရီ ၃၀, ၂၀၂၃မြန်မာနိုင်ငံမှာ စစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်နေတဲ့အတွက် မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်ကြဖို့ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆို၊ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် စီးပွါးရေး ဟာ အတော်ကြီး မရေရာ မသေချာတဲ့ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ဆို၊ မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်းတွေ တိုက်ခိုက်ခံနေရမှု မြင့်တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် တောင်းဆို...more30minPlay
January 27, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၇၊ ၂၀၂၃) - ဇန်နဝါရီ ၂၇, ၂၀၂၃ရုရှားထိုးစစ်တွေ တိုးလာနေတာကြောင့် အနောက်နိုင်ငံက လက်နက်တွေပိုပြီးလိုအပ်နေတယ်လို့ ယူကရိန်းစစ်ဘက်အရာရှိတွေ ပြော၊ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ မနေ့က အိမ်ဖြူတော်မှာ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားကျင်းပ၊ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအသစ်ဟာ ပါတီငယ်တွေရပ်တည်ရေး အခက်တွေ့အောင် ကန့်သတ်တဲ့ ဥပဒေဖြစ်...more30minPlay
January 26, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၆၊ ၂၀၂၃) - ဇန်နဝါရီ ၂၆, ၂၀၂၃ရုရှားက ယူကရိန်းနိုင်ငံထဲကို မနေ့ညတည်းက ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်နေပြီး လူတဦးထက်မနည်း သေဆုံးသွားပါတယ်။အမေရိကန်ပြည်ထောင်စုမှာ ဒုသမ္မတဟောင်း Mike Pence အပါအဝင် လက်ရှိ သမ္မတနဲ့ သမ္မတဟောင်းတွေဆီက လျှို့ဝှက်မှတ်တမ်း အထောက်အထားတွေ ရှာတွေပြီးနောက်မှာ အရင် သမ္မတတွေရော အလားတူ မှတ်တမ်းတွေကို အမျိုးသားမော်ကွန်းတိုက်ဆီ လွှဲပြောင်းပေးခဲ့ရဲ့လားလို့ အများပြည်သူကြား မေးမြန်းတာတွေ ပေါ်လာပါတယ်။မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးတက်သွားသလို၊ ဘိန်းဖြူ ထုတ်လုပ်မှုတွေ ဟာလည်း ပြီးခဲ့တဲ့နှစ်တွေထက် ပို များလာတယ်လို့ ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန် ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။...more30minPlay
January 25, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၅၊ ၂၀၂၃) - ဇန်နဝါရီ ၂၅, ၂၀၂၃အဆင့်မြင့် M1 Abrams တင့်ကားတွေ ယူကရိန်းဆီ အမေရိကန်ပြည်ထောင်စုက ပေးပို့မယ့် အနေအထားရှိနေပါတယ်။အမေရိကန်ပြည်ထောင်စု မှာ သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းတွေ ပြဌာန်းဖို့ ထောက်ခံမယ့်အကြောင်း သမ္မတ Joe Biden က ပြောဆိုပါတယ်။မြန်မာ စစ်တပ် ကို လက်နက်တွေ ရောင်းချတဲ့ တရုတ် နဲ့ အိန္ဒိယ ကုမ္ပဏီ ၂ ခု မှာ နော်ဝေ နိုင်ငံတော် ရန်ပုံငွေ ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ဘူး လို့ နော်ဝေ ဗဟိုဘဏ် က ပြော ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။...more30minPlay
January 24, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၄၊ ၂၀၂၃) - ဇန်နဝါရီ ၂၄, ၂၀၂၃မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ဒီနှစ်အတွင်း ကျင်းပဖြစ်မယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။ယူကရိန်းအစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ သမ္မတ Zelenskyy က ပြောဆိုအပြီး မကြာခင်မှာဘဲ အဆင့်မြင့် ယူကရိန်းအရာရှိတချို့ ရာထူးက နှုတ်ထွက်သွားကြပါတယ်။ဂျာမန်လုပ် Leopard တင့်ကားတွေ အသုံးပြုနိုင်ဖို့ ယူကရိန်း စစ်တပ် ကို စတင် လေ့ကျင့်ပေးလို့ ရပြီ လို့ ဂျာမဏီ ကာကွယ်ရေး ဝန်ကြီးက ပြောကြား ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။...more30minPlay
January 23, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၃၊ ၂၀၂၃) - ဇန်နဝါရီ ၂၃, ၂၀၂၃ဂျာမနီလုပ် တင့်ကားတွေကို ယူကရိန်းနိုင်ငံကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံက ဖွဲ့စည်းနေတယ်လို့ ပိုလန် ဝန်ကြီးချုပ်ပြော၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Monterey Park မှာ ပစ်ခတ်မှုကျူးလွန်တယ်လို့ သံသယရှိသူ သေနတ်သမားသေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ပြော၊ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတော်လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ သမ္မတ Joe Biden ရဲ့ ရုံးဟောင်းနဲ့ နေအိမ်က တွေရှိခဲ့ပြီးတဲ့နောက် ဒီမိုကရက်အမတ်တွေ တော်တော်များများဝေဖန်...more30minPlay
January 20, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၀၊ ၂၀၂၃) - ဇန်နဝါရီ ၂၀, ၂၀၂၃မြန်မာစစ်ကောင်စီ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အမေရိကန်က လက်ခံမှာမဟုတ်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ဗွီအိုအေကို ထပ်လောင်း အတည်ပြု၊ ကမ္ဘာတဝန်းက ဒုက္ခသည်တွေ အမေရိကန် မှာ အခြေချ နေထိုင်ခွင့်ရအောင် သာမန် အမေရိကန် နိုင်ငံသားတွေနဲ့ အမြဲတမ်းအခြေချနေထိုင်ခွင့်ရထားသူတွေ ကိုယ်တိုင်က စပွန်ဆာလုပ် ခေါ်ယူနိုင်တဲ့ အစီအစဉ် သစ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က ကြေညာ၊ ယူကရိန်းကို အကူအညီပေးရေး အကောင်းဆုံးနည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် NATO အဖွဲ့ဝင်အားလုံး အပါအဝင် နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေတွေ့ဆုံ...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.