ဗြီအိုေအရဲ႕ ၾကာသပေတးေန႔ မနက္ပုိင္း ေရဒီယိုအစီအစဥ္ကို ေရဒီယိုကေန ထုတ္လႊင့္ခ်ိန္နဲ႔ တၿပိဳင္နက္ထဲမွာပဲ Facebook ကေနလည္း တိုက္႐ိုက္ ထုတ္လႊင့္ေပးေနပါတယ္။ ဒီကေန႔ ထုတ္လႊင့္မယ့္ အစီအစဥ္မွာေတာ့ ထိပ္တန္းေရာက္ ျမန္မာနဲ႔ ႏုိင္ငံတကာ သတင္းေတြအျပင္၊ ျမန္မာသတင္းမီဒီယာ ေလာကကို ၿခိ္မ္းေျခာက္လာေနတဲ့ ဖမ္းဆီးေထာင္ခ်မႈသတင္း၊ ကရင္ျပည္နယ္မွာ တိုက္ပဲြေတြ ဆက္လက္ ျပင္းထန္ေနတဲ့သတင္း၊ ရခိုင္ျပည္နယ္မွာ နယ္ျခားေစာင့္ရဲနဲ႔ ARSA တိုက္ပဲြျဖစ္တဲ့ သတင္းေတြအျပင္ စစ္ေကာင္စီက ခန္႔အပ္တဲ့ သံ၀န္ထမ္းေတြ ဝါရွင္တန္ကို ေရာက္လာတဲ့ သတင္းနဲ႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြမွာ ျမန္မာႏိုင္ငံအေၾကာင္း ေရးသားေဖာ္ျပခ်က္ေတြကိုလည္း နားဆင္ရမွာပါ။
သီတင္းပတ္စဥ္ က႑မွာေတာ့ ေဒါက္တာသန္႔ေဇာ္ တင္ဆက္တဲ့ က်န္းမာေရး၊ ဦးေက်ာ္ဇံသာရဲ႕ သတင္းသံုးသပ္ေမးျမန္းခ်က္နဲ႔ ကိုရန္ႏိုင္ရဲ႕ အားကစား အစီအစဥ္ေတြကို ထုတ္လႊင့္ေပးဖို႔ရွိပါတယ္။
..........
ဗွီအိုအေရဲ့ ကြာသပတေးနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မြန်မာသတင်းမီဒီယာ လောကကို ခြိမ်းခြောက်လာနေတဲ့ ဖမ်းဆီးထောင်ချမှုသတင်း၊ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့သတင်း၊ ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲနဲ့ ARSA တိုက်ပွဲဖြစ်တဲ့ သတင်းတွေအပြင် စစ်ကောင်စီက ခန့်အပ်တဲ့ သံဝန်ထမ်းတွေ ဝါရှင်တန်ကို ရောက်လာတဲ့ သတင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်း ရေးသားဖော်ပြချက်တွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ ဒေါက်တာသန့်ဇော် တင်ဆက်တဲ့ ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့ သတင်းသုံးသပ်မေးမြန်းချက်နဲ့ ကိုရန်နိုင်ရဲ့ အားကစား အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။