ဗွီအိုအေရဲ့ ကြာသာပတေးနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုက ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် နားဆင်နိုင်ပါတယ်။
ဒီကနေ့အစီအစဉ်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ - ဖမ်းဆီးခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အခြေအနေဆက်သွယ်မေးမြန်းချက်၊ ငွေလာအပ်ကြဖို့ ဗဟိုဘဏ်ရဲ့ဖိတ်ခေါ်မှု စီးပွားရေးပညာရှင်တချို့ဝေဖန်၊ ထိုင်း ကန်ချနဘူရီပြည်နယ်ထဲ တရားမဝင် ဝင်လာသူ မြန်မာ ၆၀ ကျော်ဖမ်းဆီးခံရတဲ့ သတင်းတွေနားဆင်ရဖို့ရှိပါတယ်။
အစီအစဉ်နောက်ပိုင်းမှာတော့ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးကောက်နှုတ်ချက်၊ အပတ်စဉ် ကဏ္ဍမှာတော့ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ တပါတ်အတွင်းအားကစား အစီအစဉ်တို့ကို တင်ဆက်သွားမှာပါ။