............
ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ လန်ဒန်မြို့က မြန်မာသံရုံးမှာ သံအမတ်ကြီးကို ဝင်ခွင့်မပေးပဲ အပိုင်စီးထားတဲ့သတင်း၊ စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေအတွင်း လူပေါင်း ၁ ဒါဇင်ကြောင့် သေခဲ့ရတဲ့သတင်းတွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုကျန်းမာရေးနဲ့ တပတ်အတွင်း အားကစားသတင်း အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။
ဗွီအိုအေကို အားပေးနားဆင်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။