...........
ဒီကနေ့အစီအစဉ်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ -
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သံရုံးဝန်ထမ်း ၃ ဦး CDM လှုပ်ရှားမှုထဲ ပါဝင်လာတဲ့အကြောင်း၊
ဝါရှင်တန်ဒီစီ မြန်မာသံရုံးက CDM လှုပ်ရှားမှု ပူးပေါင်းပါဝင်လာသူ မြန်မာသံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်၊ ကုလသမဂ္ဂက မြန်မာအရေးကျွမ်းကျင်သူ ၃ ဦးပေါင်းဖွဲ့လိုက်တဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ ပထမဆုံးသတင်းစာရှင်းပွဲအကြောင်း စတဲ့ သတင်းတွေကို နားဆင်ရပါမယ်။
ကျန်းမာရေးကဏ္ဍမှာတော့ ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွဲမူကြောင့် တွေ့ကြုံခံစားရတဲ့ စိတ်ဖိစီးမူဒဏ်ရာတွေအကြောင်းနဲ့ ဒါတွေကို ဘယ်လို ဖြေရှင်းကျော်လွှားနိုင်မလဲဆိုတာကို နားဆင်ရမှာ ဖြစ်သလို အစီအစဉ်နောက်ပိုင်းမှာ တပတ်အတွင်းတိုင်းရင်းသတင်းလွှာ အစီအစဉ်ကို ထုတ်လွှင့်ပေးပါမယ်။