...............
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက ပယ်ချလိုက်တဲ့ သတင်းနဲ့အတူ နံနက် ၆း၀၀- ရး၀၀ နာရီ ရေဒီယိုအစီအစဉ်
မြန်မာ့အရေးကိစ္စ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီကနေ နိုင်ငံတကာမဟာမိတ်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်တာ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတရပ်ကိုကျင်းပဖို့ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က တိုက်တွန်းလိုက်တာ၊ မြန်မာနိုင်ငံမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တဲ့ နောက်ဆက်တွဲ အကျိုးဆက်၊ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းတဦးနဲ့ ဆက်သွယ်မေးမြန်းချက်စတာတွေကို နားဆင်ရမှာပါ။