
Sign up to save your podcasts
Or


ကိုးဘဝ
-san-
စက္ကူပန်းတွေ ပြူတင်းပေါက်ကနေတစ်ဆင့်ဝင်လာပြီး ချစ်တယ်လို့ပြောသွားတာ အိပ်မက်မဟုတ်မှန်း သိတယ်။ ဒါပေမဲ့ ဒီဘဝမှာဝမ်းနည်းစိတ်ဝင်မိရင် နောက်ဘဝတွေရဲ့ဆောင်းရာသီထိ မျက်ရည်တိတ်နိုင်မှာမဟုတ်ဘူး။ အိပ်မက်ထဲမှာ မိုးရာသီတုန်းက ပြတ်ကျသွားတဲ့ဓာတ်ကြိုးတွေက ညွှတ်ကွင်းတစ်ခုလို ကိုယ့်ခြေထောက်ကို လေပေါ်ဆွဲတင်ထားတယ်၊ ရှေ့ကဘဝတွေအားလုံးကို ကိုယ်ပြန်မြင်တယ်။ မိန်းမတစ်ယောက်ကိုနမ်းဖို့လောက်ထိ နှုတ်ခမ်းတွေနူးညံ့လာမယ်လည်း မထင်ဘူး။ ဒါပေမဲ့ ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။ အချစ်ဟာ လေဟာနယ်ထဲလွှင့်ပစ်ခံလိုက်ရပေမဲ့ ချစ်တယ်။ ကိုယ်သာ ဒီထက်အငိုလွယ်ခဲ့မယ်ဆိုရင်တော့ ဓာတ်ကြိုးတန်းတွေကိုယ့်လည်ပင်းပေါ်ရောက်လာမဲ့ဘဝထိ မင်းရဲ့လည်တိုင်ကိုနမ်းချင်တယ်။ ဒီဘဝပြီးတဲ့အခါ အိမ်ရှေ့ထွက်ပြီး စတော်ဘယ်ရီသီးတွေ မှည့်မမှည့်ကြည့်မယ်၊ ပြူတင်းပေါက်ထပ်ဖွင့်ပြီး ကိုယ့်နားထဲဝင်လာမဲ့ စက္ကူပန်းတွေကို ထပ်စောင့်မယ်။
From the publisher's feed