မိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား?
မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်လို စနစ်တကျနဲ့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မယ် ၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်ခွန်အား ၊ ရုပ်ခွန်အား ရှိကြမှာပါ။
စိတ်ဖိစီးနေသော BPN ပရိသတ်များ Podcast နားထောင်ခြင်းဖြင့် အကျိုးများစေဖို့ ရည်ရွယ်ပြီး BPN ဝိုင်းတော်သားတွေက Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes ရဲ့ " ကိုယ့်ကိုကိုယ် အလေးဂရုပြုခြင်း - Self Care " ဆိုတဲ့ အပိုင်းကို Podcast for Wellbeing ကဏ္ဍ ရဲ့ Episode (1) အနေနဲ့ တင်ဆက်ပေးသွားမှာပါ။
Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။
Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း BPN ဝိုင်းတော်သားများမှ ထပ်လောင်းပြောကြားလိုပါတယ်။
Chapters:
(00:00) Introduction
(03:28) ခန္ဓာကို ဂရုပြုခြင်း
(06:14) စိတ်ကိုအလေးနက်ဂရုစိုက်ခြင်း
(10:34) လူမှုရေးပိုင်းဂရုစိုက်ခြင်း
(13:48) ယုံကြည်သက်ဝင်မှုပိုင်းဂရုစိုက်ပုံ
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork