မြက်ပင်တွေက ရှည်လျားတာ ဟုတ်တယ်၊ ဒါပေမဲ့ ကိုယ်တို့ရဲ့ ဘ၀တွေက အဲဒီ မြက်ပင်တွေထက် ပိုမို ရှည်လျားတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေ ကိုယ့်မှာ မရှိဘူး၊ ဒါပေမဲ့ သစ်မြစ်တွေလို ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့ သတိရမှုတွေတော့ ရှိတယ်၊ အပြစ် အနာအဆာ မရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်တွေလိုမျိုးပေါ့။