သတင်းထောက် ၁၀ ယောက်ကို သစ်ခိုးဂိုဏ်းက ဖမ်းဆီးပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ကြားဖူးပါသလား။
ဒီ Podcast Episode မှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်မျှဝေထားပါတယ်။
တစ်ချိန်က မြန်မာနိုင်ငံမှာ သတင်းစာကျင့်ဝတ်ကို တန်ဖိုးထားပြီး ပြည်သူအတွက် သတင်းအမှန်ကို ရေးသားခဲ့တဲ့ သတင်းထောက်တွေ အများအပြား ပေါ်ထွက်ခဲ့တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ပါတယ်။
ဒါပေမယ့် အဲဒီခေတ်မှာပဲ သတင်းရေးသားမှုကြောင့် အဖမ်းခံရတာတွေ၊ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ၊ လူမိုက်၊ လူဆိုးတွေရဲ့ သတ်ဖြတ်ဖို့ ကြံစည်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ သတင်းထောက်အစစ်တွေ ရှိခဲ့သလို၊ သတင်းမရေးဘဲ သတင်းထောက်အယောင်ဆောင်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဒီ Episode ထဲမှာတော့ စစ်ယူနီဖောင်းဝတ်ပြီး သစ်ခိုးထုတ်နေတဲ့ အဖွဲ့တွေ၊ ရခိုင်ရိုးမဒေသက သစ်ခိုးဂိုဏ်းတွေရဲ့ နောက်ကွယ်အခြေအနေတွေနဲ့ သတင်းထောက် ၁၀ ယောက်ကို ဖမ်းဆီးထားပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြောပြထားပါတယ်။
ဒီဖြစ်ရပ်ဟာ သတင်းစာလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ ဘေးအန္တရာယ်နဲ့ သတင်းစာကျင့်ဝတ်ရဲ့ အရေးပါမှုကို ပြန်လည်စဉ်းစားစေမယ့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
📌 Podcast အပြည့်အစုံကို အဆုံးအထိ နားထောင်ပြီး သင့်ရဲ့ အမြင်ကို Comment မှာ မျှဝေပေးခဲ့ပါ။
🔔 Channel ကို Subscribe လုပ်ထားပြီး နောက်လာမယ့် Episode တွေကိုလည်း ဆက်လက်စောင့်မျှော်အားပေးပါ။
Myanmar Investigative Documentary Podcast
Illegal logging, military involvement, and real field journalism.
Podcast by MinNyo
EP.5 explores hidden forest operations, illegal timber routes, and the real experiences of a field journalist uncovering the truth.