နေမကောင်း တာတို တခုခု ကျန်းမာရေးပြသနာ တခုခုဖြစ်ပြီ ဆိုရင် တပတ် ကို ၂ ရက် ဆေးခန်းပြခွင့်ရဖိုကို ပေးရကန်းရတာပေါ့
ဆေးခန်း ပြခွင့်ရပြီဆိုရင် တဆောင်ခြင်းစီ လူစုပြီး ဆေးခန်းဘာယာ တယောက်က ဦးဆောင် ပြီး ဆေးခန်းကို တန်းစီပြီးပံုစံ နဲ့ခေါ်သွားရတာ
ဆေးရုံ မှာ ထောင်ဆရာဝန် လုပ်သူ က သာမန် အဖျားရှိသူတွေ ကို ဘာမှစမ်းသပ်တာတွေဘာတွေ လုပ်လေ့မရှိဘူး ၊အကျဉ်းသားကနေ ခန့်ထားတဲ့ဆေးမှုး ဆိုသူတွေက ပဲ မှတ်တန်းအနေနဲ့ နာမယ်မေး ဘာဖြစ်လဲမေးပြီး လူခွဲစု ပြီးတန်းစည်ခိုင်းထားပြီး မတ်တပ်ရပ်ခိုင်းထားပြီး
ခုနကပြောတဲ့ ၁၅ CC ဆေးထိုးအပ်ကြီးထဲမှာ ဆေးအပြည့်စုပ်ပြီး တယောက် နောက်တယောက် နောက်တယောက် ဆိုပြီး မတ်တပ်အနေအထား နဲ့ ဘာဖင်မှမလှန်ပဲ ပုဆိုးအပေါ်ကနေပဲ တယောက်ပြီးတယောက် ထိုးသွားတာ
ဘယ်ကုတင် ပေါ်မှာမှ လှဲမအိပ်ရသလို သွေးလဲမခြိမ် သွေးလဲမစမ်းပဲ တယောက်ပြီးတယောက် ထိုးတာ
တယောက်ပြီးတော့တခါ အပ်ကို ရေနွေးနဲ့ပြုတ်တာလဲ မရှိ အရက်ပျံ လဲမသံုး
အဲ့ဒိခေတ်တံုးက တခါသံုးအပ်တွေလဲမပေါ်သေးဘူး
ဒါကြောင့်ထောင်တွေက HIV ရောဂါ ပြန့်ပွါးရေး စင်တာတွေဖြစ် နေတာ