ချစ်ဧည့်သည်တို့ရေ သံစဉ်တို့နိုင်ငံမှာ မတရား အာဏာသိမ်းဖို့ကြိုးစားကြသူတွေကြောင့် နိုင်ငံကြီးကပ်ဆိုးဆိုက်တာ ၁နှစ်ပြည့်တော့မယ်။
တရားမျှတတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ စစ်အာဏာရှင်နဲ့ သူတို့ ဘက်တော်သားတွေက ပြည်သူ့လက်ထဲမှာပဲ ရှိသင့်တဲ့ အာဏာကို မတရားလုခဲ့ကြတာလေ။ အဲဒီကတည်းက တစ်ရက်မပြတ် နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်နေတာဒီနေ့အထိပဲ။
ဒီတော်လှန်ရေးက နိုင်ငံရေးသမားတွေနဲ့ပဲ ပတ်သက်တဲ့ နိုင်ငံရေးအားပြိုင်ပွဲ တစ်ခုမဟုတ်ဘူး။
ပြည်သူတွေက ကိုယ်တိုင် လိုချင်တဲ့ စစ်မှန်တဲ့လွတ်လပ်ခွင့်ကို အရယူဖို့ တိုက်ယူနေတဲ့ပွဲ။
အသက်အရွယ်မျိုးစုံ ဘဝမျိုးစုံက ပြည်သူတွေပါဝင်နေတာ။
ပြည်သူတွေရဲ့အောင်မြင်မှုဆိုတာ သံစဉ်တို့ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိတယ်လို့ ယုံတယ်။
နောက်ဆို ၂၀၂၁ ကစခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဆိုတာ မြန်မာပြည်သူတိုင်း ဂုဏ်ယူနိုင်တဲ့ သမိုင်းသစ်တစ်ခုဖြစ်လာမှာ။ အခုတော့ ဒီသမိုင်းသစ်ကို ကိုယ်တိုင်ရေးနေတဲ့ ပြည့်သူတော်လှန်ရေးထဲက ပြည်သူတွေရဲ့ စကားသံ ရင်ဖွင့်သံကို တော်လှန်ရေး နှစ်ပတ်လည် အဖြစ်နဲ့ တင်ဆက်ထားပါတယ်။
လွှင့်ပြီးသား သံစဉ့်အိမ် အစီအစဉ်တွေကို Facebook, Apple podcast, Google podcast, Anchor နဲ့ Sportify တို့ လို့ podcast အပလီကေးရှင်းတွေမှာ ပြန်နားထောင်လို့ရပါတယ်။
ဘယ်မှာ ဖြစ်ဖြစ် သံစဉ့်အိမ်ဆိုပြီး မြန်မာလို ရေးထည့်ပြီး ရှာရင်တွေ့ရမှာပါ။
သံစဉ့်အိမ်ကိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။