
Sign up to save your podcasts
Or


သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။
ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE
ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။
မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။
စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။
ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။
From the publisher's feed
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights…

59 Listeners