The Mratt Podcast

The Mratt Podcast

By Mratt Kyaw ThuNewsNews Commentary
Download on the App Store

The Mratt Podcast episodes

  • ရုပ်ပုံလွှာ | အဲလက်စ်ဂေါ ⎯ တရုတ်သူလျှိုလား၊ ကျားဖြန့်လား

    ဒီနေ့တော့ တရုတ်ရဲ့ သူလျှိုလို့ စွတ်စွဲခံရတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်၊ ကျားဖြန့်လုပ်ပြီး မြို့တမြို့ကို အပိုင်စားရတဲ့အထိ အချိန်တိုတိုအတွင်း သြဇာတည်ဆောက်နိုင်ခဲ့တဲ့ အဲလက်စ်ဂေါ ဆိုတဲ့ အမျိုးသမီးအကြောင်း လေ့လာကြည့်ရအောင်ပါ။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    25 min
  • အညာမှာ စစ်ဘုရင် ပေါ်လာတော့မည်လား

    မြိုင်မြို့နယ်ပကဖ တာဝန်ခံ ဗိုလ်လက်ယာဟာ အမျိုးသားညီညွတ်ရေးအစိုးရ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ရပ်တည်နေပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ မလိုက်နာဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပခုက္ကူနယ်တခွင်မှာ မြိုင်ပကဖဟာ လူအင်အား လက်နက်အင်အားတောင့်တင်းသလို တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းတာကြောင့် အရေးယူမှုတစုံတရာလုပ်ဖို့လည်း ခက်ခဲနေပါတယ်။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    30 min
  • မာဒူရိုကို အမေရိကန် ဘယ်လိုဖမ်းခဲ့သလဲ

    ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အထူးတပ်နဲ့ ဝင်ဖမ်းလိုက်ပြီး ဗင်နီဇွဲလားနိုင်ငံကို ဒေါ်နယ်ထရမ့်က သိမ်းပိုက်လိုက်ပါတယ်။ ပြီးရင် သေချာတဲ့အစိုးရတခု မရမချင်း အမေရိကန်က အုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။ မာဒူရိုကို ဘယ်လို ဖမ်းခဲ့သလဲ၊ ဘာကြောင့် ​ဒီအခြေအနေထိ ရောက်လာရသလဲ၊ ဘာတွေဆက်ဖြစ်မှာလဲ လေ့လာကြည့်ရအောင်ပါ။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    34 min
  • ပုဂံညောင်ဦးက ပြန်ပေးဆွဲမှုတွေကို ဘယ်သူတွေ လုပ်နေတာလဲ

    ပုဂံ ညောင်ဦးမှာ ဒီနှစ်အတွင်း လူပျောက်မှုနဲ့ပြန်ပေးမှု စုစုပေါင်း ၇ ခုကနေ ၁၀ ခုထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြန်ပေးဆွဲပြီး ပြန်လွတ်လာသူတွေကို ခြိမ်းခြောက်ထားတာကြောင့် ပြန်မပြောရဲသလို ဘယ်အဖွဲ့တွေက လုပ်နေတာလဲဆိုတာ မရေမရာဖြစ်နေခဲ့တာပါ။ ဒီဆောင်းပါးမှာတော့ အဲ့ဒီအထဲက အဖွဲ့တခုအကြောင်း ပြောပြထားပါတယ်။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    12 min
  • ၂၀၂၆ မှာ စောင့်ကြည့်ရမဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေ

    အစီရင်ခံစာဆိုတာမျိုးက ဗေဒင်ဟောသလို အနာဂတ်ကို အတိအကျ ခန့်မှန်းတာမျိုးတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အမြင်နဲ့ ရေရှည်လားရာ တူရူချက်တွေကို ကြည့်ပြီး ဘယ်နေရာတွေမှာ ဘယ်လို အန္တရာယ်ရှိနိုင်လဲဆိုတာကို ကြိုတင်သတိပေးတာမျိုး ဖြစ်ပါတယ်။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    1 hr 34 min
  • ဘင်္ဂလားဒေ့ရှ် တကျော့ပြန် ဆန္ဒပြပွဲနောက်ကွယ်က အကြောင်းရင်း

    ပြီးခဲ့တဲ့ရက်ပိုင်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာ သတင်းစာတိုက်ကြီးတွေ မီးရှို့ခံရပြီးတော့ နိုင်ငံအနှံ့မှာလည်း အကြမ်းဖက် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။ ရှိတ်ဟာဆီနာ ထွက်ပြေးသွားပြီးကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေခဲ့တဲ့ မိုဟာမက်ယူနွတ်စ်ရဲ့ ယာယီအစိုးရက လာမဲ့နှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီး ရက်ပိုင်းအလိုမှာ ဒီမငြိမ်သက်မှုတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    16 min
  • အစ္စရေးရဲ့ အတွင်းကြိတ် ပဋိပက္ခ

    အစ္စရေးအစိုးရ အကြပ်ရိုက်နေရတဲ့ အလွန်အကျွံရှေးရိုးစွဲ ဂျူးဘာသာရေးသမားတွေနဲ့ပတ်သက်လို့ သူ့တို့သမိုင်းကြောင်း၊ ဘာကြောင့် အထူးအခွင့်အရေး ရခဲ့ကြသလဲ၊ ဘာကြောင့် အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြတာလဲ၊ အစ္စရေးပြည်သူတွေကရော ဒီအပေါ် ဘယ်လိုမြင်ကြသလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    26 min
  • တကျော့ပြန် ထိုင်းနဲ့ ကမ္ဘောဒီးယား တိုက်ပွဲ

    ထိုင်းနဲ့ကမ္ဘောဒီးယားမှာ ပြည်တွင်းနိုင်ငံရေးတွေ လှုပ်ခတ်တိုင်း ပေါ်ပေါ်လာတတ်တဲ့ နယ်စပ်မျဉ်းပေါ်က နယ်မြေအငြင်းပွားမှုပြဿနာဟာ ခု ထိုင်းဝန်ကြီးချုပ်သစ် အနုတင်လက်ထက်မှာလည်း ထပ်ဖြစ်ပြန်ပါပြီ။ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်လည်း ဘယ်အခြေအနေ ရောက်သွားပြီဆိုတာ မသိရပါဘူး။​



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    11 min
  • NUG ပြုပြင်ပြောင်းလဲရေး တိုင်းတာချက်

    အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်တိုင်းတာနိုင်တာက အစိုးရအဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လက်သင့်ရာစားတော်ခေါ်တဲ့ ကိစ္စတွေနဲ့ တိုင်တန်းမှုတွေကို ဘယ်လောက်ထိ သမာသမတ်ကျကျ ဖြေရှင်းနိုင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ Mratt Channel ရဲ့ သဘောထားအာဘော်ကို နားဆင်ရမှာ ဖြစ်ပါတယ်။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    15 min
  • အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေး ဥပဒေ

    အမေရိကန်လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ အရှေ့တောင် အာရှက ကျားဖြန့်အရေး၊ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးချက်တွေနဲ့ ဘယ်အခြေအနေရောက်နေပြီလဲ ဒီကနေ ဘယ်လောက်ထိ မျှော်လင့်လို့ရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။



    Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
    23 min

About The Mratt Podcast

From the publisher's feed

An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights…

More shows like The Mratt Podcast

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners