
Sign up to save your podcasts
Or


နီပေါဆန္ဒပြပွဲတွေ ဘာကြောင့် ဖြစ်လာရသလဲ၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကနေ ဘာကြောင့် မီးရှို့လုယက်တဲ့အထိ ဖြစ်ခဲ့သလဲ၊ နီပေါလ်ရဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေကို ရောက်အောင် တွန်းပို့လိုက်တဲ့ နောက်ခံအကြောင်းတရားတွေကို လေ့လာကြည့်ရအောင်ပါ။
လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အခြေအနေအပေါ် အမြင်နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဘာလုပ်ကြရမလဲ Mratt Channel ရဲ့ သဘောထားအာဘော် ကိုနားဆင်ကြရမှာ ဖြစ်ပါတယ်။
ဒီထဲမှာ အဓိက ပြောကြတဲ့အကြောင်းအရာက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ကိစ္စ ဖြစ်ပါတယ်။ ခု သူတို့ ပြောနေတဲ့ လုံခြုံရေးအာမခံချက်ကို ကျနော်တို့ ကြည့်ကြည့်ရအောင်ပါ။ ဒီကိစ္စမှာ အကြမ်းဖျဉ်းအားဖြင့် ကဏ္ဍ ၆ ခုခွဲထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေဟာ လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဓိက သော့ချက်တွေလည်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ခြေကုပ်ယူပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျား၊ နယူးဇီလန်တို့ထိ မူးယစ်ဆေးဝါး ဖြန့်ချိခဲ့တဲ့ မူးယစ်ခေါင်းဆောင်၊ ဘီလျံနာ ရှဲကျစ်လော အကြောင်း လေ့လာကြည့်ရအောင်ပါ။
တရုတ်ရဲ့ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတဲ့ မြန်မာ့မြေရှားတူးဖော်မှုမှာ အမေရိကန် ပါဝင်လာမလား။ အရင်က အမေရိကန်အတွက် တိုက်ရိုက်အကျိုးစီးပွားမရှိတဲ့ မြန်မာ့အရေးမှာ မြေရှားသတ္တုကြောင့် အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှု ဖြစ်လာနိုင်သလား။ မြေရှားအရေးကြောင့် မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတွေအပေါ်မှာရော သက်ရောက်မှု ရှိသွားနိုင်သလား။ ဒီအကြောင်းအရာတွေကို အောက်စ်ဖို့တက္ကသိုလ်မှာ အကြီးတန်း လက်ထောက်ပညာရှင် လုပ်ခဲ့သူလည်းဖြစ် ခု အမေရိကန် ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ်မှာ ဧည့်သုတေသီတဦးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင် ဦးဝင်းမျိုးသူနဲ့ မေးမြန်းထားပါတယ်ခင်ဗျား။
ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေ ဘာကြောင့် အဲ့လောက် လွယ်လွယ်ကူကူ ဖြစ်လာရတာလဲ၊ ကျနော်တို့ နေ့စဉ်ဘဝတွေက ဘာကြောင့် အရင်လို နေပျော်စရာမကောင်းရတော့တာလဲ၊ အချင်းချင်းသွေးကွဲတာ၊ ဘက်ရွေးတာနဲ့ သွေးထွက်သံယိုမှုတွေ ဘာကြောင့် များလာရသလဲ၊ လူပြိန်းကြိုက် လူများကြိုက်ဝါဒီတွေ၊ လက်ယာစွန်းသမားတွေ ဘာကြောင့် ခေါင်းထောင်လာရသလဲ။ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့မှုစာရင်းက ဖယ်ရှားလိုက်တာဟာ စစ်ခေါင်းဆောင်ရဲ့ပြန်စာကြောင့်လား၊ Gold Card ဝယ်ခဲ့ကြလို့လား စတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်နေခဲ့ပေမဲ့ အမေရိကန် အခြေစိုက် လော်ဘီအဖွဲ့အစည်းတခုကြောင့်ဆိုတဲ့ အထောက်အထားတွေ တရက်က ထွက်လာပါတယ်။ ဒီအကြောင်းအပြည့်အစုံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်သူလည်းဖြစ် နိုင်ငံရေးလေ့လာသူလည်းဖြစ်တဲ့ ကိုမင်းတင့်ဗိုလ်နဲ့ မေးမြန်းထားပါတယ်။
အမေရိကန်က Ku Klux Klan ပြီးတော့ စပိန်သမိုင်းထဲက Spanish Inquisition အကြောင်းကို နားဆင်ရမှာပါ။ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေနဲ့ စပိန်က ဘာသာရေးပွဲတော်တခုကိုလည်း ပြောပြသွားပါမယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးဟာ နှစ်နိုင်ငံ အနိုင်အရှုံးတိုက်မဲ့ စစ်ပွဲမျိုးထိ ရောက်မလာနိုင်ပါဘူး။ အာဏာရှင်လက်ဟောင်း အုပ်ချုပ်နေတဲ့နိုင်တဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ နိုင်ငံတို့အကြား သက်တမ်းရင့် နိုင်ငံရေးသမားတွေက စစ်တိုက်ပြီး နိုင်ငံရေးကစားနေကြတယ်လို့ပဲ မြင်ရပါတယ်။
အစ္စရေး ဂါဇာစစ်ပွဲ ဘာကြောင့် ဒီလောက် ကြာနေရသလဲ၊ အစ္စရေးဟာ ဂါဇာအပြင် လက်ဘနွန်၊ ဆီးရီးယား နောက်ဆုံး အီရန်ထိ ဘာကြောင့် စစ်ဘောင်ချဲ့ခဲ့သလဲ။ အစ္စရေးနိုင်ငံကို ကာကွယ်ရေးမဟုတ်ဘဲ နေတန်ယာဟုဟာ သူ့အာဏာအသက်နိုင်ရေးအတွက် ဒီစစ်ပွဲတွေကို တိုက်နေသလား ဆွဲဆန့်နေသလားဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။
From the publisher's feed
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights…

59 Listeners