The Reality
Download on the App Store

The Reality episodes

  • Episode #2: Happy Life

    ကျနော်တို့တွေအများစုက သက်သောင့်သက်သာရှိပြီး ဘဝအတွက် မပူပင်ရပဲ နေထိုင်ရတာဟာ စစ်မှန်တဲ့ ဘဝရဲ့ ပျော်ရွှင်မှုလို တွေးလေ့ရှိကြပါတယ်။ နယ်ပယ်တခုမှာ အောင်မြင်တာ၊ လူတိုင်းအားကျ၊ လေးစားရတာ၊ ချမ်းချမ်းသာသာနဲ့ မပူမပင်၊ မကြောင့်မကျ နေထိုင်ရတာဟာ ပျော်ရွှင်တဲ့ ဘဝလို့ အများစုက အဓိပ္ပာယ်ဖွင့်တတ်ကြတယ်။

    ကျနော်လည်း ပြီးခဲ့တဲ့ အတိတ်တွေမှာ ဒါတွေက ပျော်ရွှင်တဲ့ ဘဝရဲ့ အဓိပ္ပာယ်လို့ သတ်မှတ်ခဲ့ဖူးပါတယ်။ ဘဝမှာ ပျော်ရွှင်ဖို့ ဒီအရာတွေကို လုပ်ဆောင်ရမယ်လို့လည်း တထစ်ချ ယုံကြည်ခဲ့မိတယ်။​ဒီအရာတွေအတွက် နေ့မအိပ်၊ ညမအိပ် အချိန်တွေကို ကုန်ဆုံးပြီး ပျော်ရွှင်တဲ့ ဘဝတခုရဖို့ ကြိုးစားခဲ့တယ်။


    ဒါပေမယ့် ဒီအရာတွေက ကျနော့်အတွက်တော့ တကယ်ကို ပျော်ရွှင်စေတဲ့ ဘဝတခုကို မရစေခဲ့ပါဘူး။


    ဘဝရဲ့ ပျော်ရွှင်မှုက ဘာလဲ၊ ဘဝမှာ ပျော်ရွှင်ဖို့ ဘယ်လို နေထိုင်ကြရမလဲ၊ ဒီပေါ့ကတ်စ်လေးမှာ နားဆင်လိုက်ကြရအောင်ပါ။

    6 min
  • The Teacher

    ကိုယ်တန်ဖိုးထားရတဲ့ သူတွေကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ခံစားကြရဖူးလား .. ... ....

    ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ အရိုက်အခတ်က  ကျနော်တို့ တန်ဖိုးထားရတဲ့ အရာတွေ၊ တန်ဖိုးထားရတဲ့ သူတွေကို ကျနော်တို့ရဲ့ ဘဝတွေထဲကနေ တစပြီး တစ ဆွဲထုတ်သွားတယ်။ စစ်တပ်ရဲ့ မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကြောင့် ကျနော်တို့ ချစ်ရသူအချို့  အသက်မရှိကြတော့ဘူး။ အချို့တွေ အကျဉ်းထောင်ထဲမှာ၊ တောထဲ တနေရာမှာ၊ စစ်ရှောင်စခန်းတွေထဲမှာ၊ ဗုံးခိုကျင်းတွေထဲမှာ။ 

    ဒီပေါ့ကတ်စ်မှာတော့ အကျဉ်းထောင်ထဲက တသက်၊ တကျွန်း အကျဉ်းချခံထားရတဲ့ ကျနော်တို့ ဘဝတခုလုံး တန်ဖိုးထားရတဲ့ ဆရာတယောက်အကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။ နားသောတ ဆင်လိုက်ကြ ရအောင်ပါ။ 

    “ မဝေးတော့တဲ့ တော်လှန်ရေးအောင်ပွဲ ခရီးနဲ့အတူ ဆရာတစ်ယောက် တစ်ချိန်က အလင်းအိမ်ကျူရှင်ရဲ့ စာသင်တဲ့ စင်ပေါ်မှာ မိုက်ကလေး ကိုင်ပြီး တပည့်တွေကို စာတိုင်ပေးတဲ့ အချိန်တွေကို ပြန်တမ်းတရင်း ဆရာနဲ့အတူ အပြစ်မဲ့တဲ့ စွန့်လွှတ်သူတွေ အားလုံး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း ဒီပေါ့ကတ်လေးကို စာစုလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။

    “ကလောင်တွေဟာ ဓားသွားထက် ပိုထက်ပါတယ်။ ဒီကလောင်ဓားသွားဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို စေတနာ မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် ထားမှသာ တန်ဖိုးရှိမှာပါ”

    7 min

About The Reality

From the publisher's feed

‘The Reality’ ကတော့ လူတစ်ဦးရဲ့ ဖြစ်တည်မှုကနေ အစပြုပြီး လူနေမှုဘဝတွေကို ကိုယ်စားပြုတဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းစတိုရီတွေ၊ အပြန်အလှန်ဆွေးနွေးသွားမယ့် စကားဝိုင်းတွေအဖြစ် နားဆင်ကြရမယ့် ဒီဂျစ်တယ် ပေါ့ကတ်စ်ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။