Sign up to save your podcasts
Or

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘတ် ၆ သန်းဆုအပါအဝင် ထိုင်းထီဆုကြီးတွေ ပေါက်ပေမယ့် အလွယ်တကူ ဆုထုတ်ယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။
ထိုင်းထီဆုကြီးပေါက်ခဲ့ရင် ဘန်ကောက်ကရုံးမှာပဲ ထုတ်ပေးလေ့ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအဖို့ လက်လှမ်းမမီ ဖြစ်နေကြတာပါ။
ထီဆုကြီးတွေကို ကိုယ်တိုင်ထုတ်ယူဖို့ အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး လိမ်လည်သူတွေ၊ အကူအညီပေးမယ်ဆိုပြီး မိတ်ဆွေတွေ၊ သူဌေးတွေက ဆုကြေးကို အပြည့်မထုတ်ပေးတာတွေ၊ ထီလက်မှတ် ခိုးယူခံရမယ့်အရေး အသက်အန္တရာယ်ပြုခံရမယ့် အရေးတွေလည်း ကြုံရဖို့ရှိနေပါတယ်။
ဒါကြောင့် ဘတ် ၆ သန်းကံထူးရှင် ၅၀ ဦးကို ဆုငွေထုတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ MAHC မဟာမိတ်အဖွဲ့က တာဝန်ရှိသူ ကိုရဲမင်းနဲ့ တွေ့ဆုံပြီး ထီဆုကြီးပေါက်တဲ့ မြန်မာရွှေ့ပြောင်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ လျှပ်စစ်မီးပျက်ချိန်များလာလို့ ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ်တွေ ဝယ်သူများနေတဲ့အကြောင်း
- စက်လှေပေါက်ကွဲလို့ ကျွန်းစု ရေကန်တောင်ရွာက ပျုစောထီးခေါင်းဆောင် သေဆုံးသွားတဲ့ သတင်း
- အထောက်အထားမဲ့လုပ်သားတွေကို ပန်းရောင်ဘတ်လုပ်ပေးဖို့ တောင်းဆို၊ လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း
- ကော့ကရိတ်က ကော့ဘိန်းရွာကို စစ်ကောင်စီတပ်ဝင်ပြီးနောက် ဒေသခံလေးဦး ပစ်သတ်ခံရတဲ့ အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ခရိုင်ကို လျှပ်စစ်မီးအလှည့်ကျပေးမယ့်အချိန်စာရင်း ပြင်ဆင်ပြီး ကုမ္ပဏီကထပ်ပြီး ထုတ်ပြန်လိုက်တဲ့ အကြောင်း
- တနင်္သာရီကို စစ်ကောင်စီလေတပ်က တစ်ရက်အတွင်း ဗုံးအလုံး လေးဆယ်ကျော်ကြဲချတိုက်ခိုက်တဲ့ အကြောင်း
- တနင်္သာရီမြို့နယ်ထဲက ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ဒေသခံတွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ
- စစ်ကောင်စီတပ်က ကံပေါက်-နဘုလယ်လမ်းကို မြေတူးစက်နဲ့ ဖျက်ဆီးဖြတ်တောက်လိုက်တဲ့ အကြောင်း
- ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အဓိကနေရာဖြစ်တဲ့ မြဝတီ အမှတ် ၂ တံတားကို ဒီနေ့ပြန်ဖွင့်လိုက်တဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မွန်နဲ့ တနင်္သာရီအစပ်က မလွှဲတောင်ဂိတ်ကို တစ်နေ့နှစ်ကြိမ်ပဲ အချိန်အကန့်အသတ်နဲ့ ဖြတ်နေရတဲ့ အခြေအနေ
- ပလမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်း နဲ့ ဗုံးချတိုက်ခိုက်
- ကော့သောင်းမြို့မှာ ရေရှားနေဆဲဖြစ်ပြီး ရေပေးဝေရေးစီမံကိန်း အလုပ်မဖြစ်သေးတဲ့အကြောင်း
- ရေဖြူမှာ ပျူစောထီးအဖွဲ့က ရိုက်နှက်လို့ အမျိုးသားတစ်ဦးသေဆုံးပြီး နောက်တစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း
- ထိုင်းတောင်ပိုင်းပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီးမီးလောင်ပြီး မြန်မာအပါအဝင် ငါးဦးဒဏ်ရာရသွားတဲ့သတင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၀ ရက်နေ့ကနေ ဧပြီလ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ်က ဒေသခံခြောက်ဦး ဒလန်လို့ သတိပေးခံရတဲ့အကြောင်း
- စစ်ကောင်စီတပ်က PDF ယူနီဖောင်းဝတ်ပြီး ဒေသခံတွေကို ရိုက်နှက်စစ်ဆေး ငွေတောင်းနေတဲ့ အကြောင်း
- မွန်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းထားချိန် သေနတ်လုရာက ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတဲ့သတင်း
- ကော့ဘိန်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူငယ်အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားတာ
- တော်လှန်ရေးတပ်တွေက ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်းကိုသိမ်းပြီး မြို့ကို ထိန်းချုပ်ထားတဲ့အကြောင်း
- မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာတဲ့အထိ မြန်မာဘက်က ပြန်မဖွင့်သေးတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နှစ်သုံးဆယ်နီးပါးအကြာ စစ်ကောင်စီတပ်အခြေချခဲ့တဲ့ မောထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ
- မောရဝတီရေတပ်က ဖမ်းထားတဲ့ ဖောင်းတောရွာသား သားအဖနှစ်ဦးအနက် အဖေဖြစ်သူသေဆုံး
- စစ်ကောင်စီက ဓာတ်မြေဩဇာသယ်ယူခွင့် တင်းကျပ်ထားလို့ တောင်သူတွေအခက်ကြုံနေရတဲ့အကြောင်း
- သရက်ချောင်း ဆင်ကျန်းကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တဲ့ အခြေအနေ
- မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့ အကြောင်း
- ဘန်ကောက်မှာ ဓာတ်လိုက်သေဆုံးသွားတဲ့ မြန်မာလုပ်သားအမှု နစ်နာကြေးဘတ်သုံးသိန်းနဲ့ ပြေလည်သွားတဲ့သတင်း
- ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင် သုံးဦးကို လူထုရှေ့မှာ သေဒဏ်ချ
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးရဲစခန်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့အကြောင်း
- ရေဖြူမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့လက်ကိုင်ဖုန်းတွေ သိမ်းယူသွားတဲ့အကြောင်း
- မောရဝတီရေတပ်က ရေဖြူရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ ခြံလုပ်ငန်းတွေ နားထားရတာ
- ထားဝယ်မြစ်ထဲက စစ်သင်္ဘောအပစ်ခံရပြီးတဲ့နောက် ကညုံကျွန်းရွာက ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲ့က ရွာသုံးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာ
- မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း အပါအဝင်
- ရွှေ နဲ့ ဘတ် ဈေးအတက်အကျ အခြေအနေတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed