Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဧပြီလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းမြို့နယ် ဆင်ကူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း


    - ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေးလိုက်တာ


    - မြန်မာအလုပ်သမားတွေဆီက ငွေညှစ်ခဲ့တဲ့ ထိုင်းရဲ ၈ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ အခြေအနေ


    -‌ ဈေးပြန်ကျလာနေတဲ့ ရွှေဈေးကွက်အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    4 min
  • ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး

    တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။


    တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။


    စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။


    မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။


    လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။


    ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။

    29 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၁၄ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    10 min
  • မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား

    The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။


    ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။


    The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။


    The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဂလက်ဇယ် မိသားစုထဲက ၈ နှစ်သားအရွယ် ကလေးလေးကို မကောင်းဆိုးဝါး ပူးကပ်ခဲ့တယ်။


    ဝါရင်း ဇနီးမောင်နှံ သွားရောက်ပြီး အပနှင်ဖို့ လေ့လာတယ်။ ဒီအချိန်မှာ ကောင်လေးရဲ့မကောင်းဆိုးရွားကို မနိုင်နင်းတဲ့အထိဖြစ်လာလို့ ယောက်ဖတော်ရမယ့် အာနီ ဂျွန်ဆင်က သူ့ခန္ဓာကိုယ်ထဲဆီ လာပူးဖို့ ခေါ်ပြီး လွှဲယူလိုက်ပါတော့တယ်။


    အဲ့ဒီနောက် အာနီ ဟာ လူသ-…-တ်မှု ကျူးလွန်လိုက်ပါတော့တယ်။ သူနဲ့ သူ့ကောင်မလေး ဒက်ဘီ ဂလက်ဇယ်တို့ အလုပ် အတူလုပ်နေတဲ့နေရာက အလုပ်ရှင် အလန်ဘိုနို ကို အာနီက သ..--..တ်လိုက်တာပါ။ အာနီက အလန်ဘိုနိုကို သူ ဘယ်လိုသ..--..တ်လိုက်မိမှန်း မသိပါဘူးလို့ ရဲတွေရှေ့မှာ အမှုစစ်တော့ ထွက်ဆိုခဲ့တယ်။


    တရားခွင်မှာ ဒီလိုထွက်ဆိုတော့ တရားသူကြီးတွေက လက်မခံတော့ဘူး။ အဲ့ဒီမှာ ဝါရင်းဇနီးမောင်နှံက အာနီကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးက သ..--တ်အောင် လှုံ့ဆော်တာ၊ အာနီမှာ အပြစ်မရှိပါဘူးဆိုတဲ့ကောက်ချက်ကို အာနီဘက်က လိုက်ပေးတဲ့ တရားခံရှေ့နေကတစ်ဆင့် တင်သွင်းလိုက်ပါတော့တယ်။


    ဒါဟာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကတ်မှာ ဟိုလေးတကျော်ဖြစ်သွားခဲ့တဲ့ အမှုကြီးဖြစ်ပါတယ်။ ဒါကို တကယ့်ပတ်သက်ခဲ့သူတွေနဲ့တွေ့ဆုံပြီး The Devil On Trial ဆိုတဲ့ Documentary ကို ရိုက်ကူးခဲ့တာပါ။


    ဂလက်ဇဲလ်မိသားစုက ညီအစ်ကိုမောင်နှမတွေ၊ ပြစ်မှုကျူးလွန်ခဲ့သူ အာနီ၊ ခရစ်ယာန်သင်းအုပ်၊ အမှုစစ်ခဲ့တဲ့ ရဲအရာရှိ၊ အမှုလိုက်ခဲ့တဲ့ ရှေ့နေ၊ အမှုစစ်ဆေးခဲ့တဲ့ တရားသူကြီး၊ ဝါရင်းဇနီးမောင်နှံရဲ့မြေး စသဖြင့် စသဖြင့် ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့သူတွေကို မေးမြန်းဖြေကြားစေပြီး ဒီ Documentary ကို တည်ဆောက်ခဲ့ပါတယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်လိမ့်မယ်

    ပရီးမီးယားလိဂ်ဟာ ရာသီသိမ်းဖို့ နီးကပ်လာပါပြီ။ ပန်းဝင်ခါနီးမှာ ချန်ပီယံပြေးလမ်းထက် ရပ်တည်နေတာကတော့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးတို့ပါပဲ။


    စူပါဆန်းဒေးညမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ခြေချော်သွားတာကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆီ တက်လှမ်းခွင့်ရသွားခဲ့ပါပြီ။ ဒီ ၃ သင်းလုံးဟာ မန်ယူရဲ့ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။


    ဒါပေမဲ့ ဒီဘောလုံးရာသီမှာ ဒီ ၃ သင်းထဲက တစ်သင်း ချန်ပီယံဖြစ်တော့မယ်ဆိုတာကိုတော့ ပကတိ အရှိတရားအတိုင်း လက်ခံပေးရတော့မှာပါ။


    စစ်မှန်တဲ့ မန်ယူဖန်တစ်ယောက်ဆိုရင် ဒီ ၃ သင်းထဲက ဘယ်အသင်း ချန်ပီယံဖြစ်တာကို မြင်ခွင့်ရချင်ပါသလဲ။


    မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်ရလိမ့်မယ် လို့ ယူဆမိပါတယ်။

    10 min
  • Podcast : အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

    ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။


    တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။


    စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

    8 min
  • အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ

    ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။


    တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။


    စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။