Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ပူပြင်းလှတဲ့ရာသီနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြမလဲ

    အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့အပူဒဏ်ကို ကြုံတွေ့နေကြရပါတယ်။


    တစ်ကမ္ဘာလုံး ပူနွေးလာမှုကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာလည်း ပိုပြီးပူလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။


    အပူလွန်ကဲမှု ဒဏ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာတွေက အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။


    ဒါကြောင့် အပူဒဏ်ကို ဘယ်လိုဖြတ်ကျော်မလဲ... လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


    6 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့

    တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ

    တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    9 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၆ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • ဧပြီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့သတင်း


    - လောင်းလုံးပြင်းထိန်ရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း


    - မြဝတီက တိမ်းရှောင်လာသူတွေကို ထိုင်းနိုင်ငံမဲဆောက်ရှိ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံခွင့်ပေးမယ့် အကြောင်း


    - သင်္ကြန်ကာလ ရခိုင်မှာ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲ မလုပ်ဖို့ AA ပန်ကြားတဲ့သတင်းနဲ့


    - ရွှေနဲ့ ဘတ်ဈေး


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဧပြီလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်ကလေးသင်္ကြန် ရေကစားသူ မရှိသလောက်နည်းပါးနေတဲ့အကြောင်း


    - မနေ့က မြိတ်မြို့မှာ စံချိန်တင်အမြင့်ဆုံးအပူချိန်အထိ ရောက်ရှိသွားခဲ့တဲ့အခြေအနေ


    - မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တာ


    - စစ်ကောင်စီ တိုက်လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်ဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့အကြောင်း


    - သုံးရက်ထဲ ကျပ်သုံးသိန်းနီးပါးအထိ မြင့်တက်သွားတဲ့ ရွှေဈေးကွက်အခြေအနေ


    - သင်္ကြန်ကာလမှာ တနင်္သာရီတိုင်းကို ပြေးဆွဲမယ့်ယာဉ်လိုင်းတွေ ရပ်နားကြမယ်ဆိုတာ


    - စစ်ရှောင်တွေကို ကူညီနေတဲ့ မွန်လွှတ်တော် ဒုဥက္ကဌဟောင်းအဖမ်းခံလိုက်ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အပူသံသရာ

    အပူတွေဟာ သံသရာလည်တတ်လား။ ငယ်ဘဝက ကြုံခဲ့ရပြီးတဲ့ အပူလိုမျိုး ထပ်ကြုံရပြန်တော့ အဲသလို တွေးမိတာပါပဲ။ ဒီအပူ။ ဒီနှစ်အပူဟာတော့ အတော့်ကို ပူတာပါပဲ။


    အပူတွေ သံသရာမှာ ကိုယ်က ထပ်ကြုံရ ပြန်ပေါ့။ ဒီအပူကတော့ တိုင်းလို့တာလို့ရတဲ့ အပူတော့ မဟုတ်။ အဇ္ဈတ္တအပူ။ သောက ပရိဒေဝ အပူ။ ဒုက္ခ ဒေါမနဿအပူ။

    8 min
  • ဧပြီလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မှာ သင်္ကြန်ရေကစားဖို့ စစ်ကောင်စီက ငွေပေးပြီးစည်းရုံးနေတဲ့အကြောင်း


    - သရက်ချောင်းမှာ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ယောက်ကို PDF အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာ


    - တနင်္သာရီတိုင်းမှာ ဒီနေ့နဲ့ မနက်ဖြန် မိုးရွာနိုင်တဲ့အခြေအနေ


    - မြဝတီမြို့တိုက်ပွဲကြောင့် ဒေသခံတွေ ထိုင်းဘက်ကို တိမ်းရှောင်နေရတဲ့အကြောင်း


    - အမေရိကန်စွမ်းအင်ကုမ္ပဏီက ရှယ်ယာတွေကိုရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာသွားတာ


    - စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းသွားတဲ့ ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်လာတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • သင်္ကြန်သို့ ပေးစာ

    ဒါနဲ့သင်္ကြန်ရေ။ ငါ့တူမလေးကြောင်း ပြောရဦးမယ်။


    မင်းထွက်သွားတုန်းက ငါ့တူမလေးက ၃ နှစ်ကျော်ကျော်ပဲရှိသေးတာ။ အခုက ၇ နှစ်ကျော်ပြီဆိုတော့ ဘေးအိမ်က ကျူရှင်ဆရာမဆီအပ်ပြီး စာသင်ခိုင်းထားတယ်။


    မနေ့က သူတို့ကျူရှင်မှာ ဆယ်နှစ်လရာသီပွဲတော်များအကြောင်း သင်ရတယ်တဲ့။ မင်းသိပါတယ်။ တန်းခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ ဆိုတာတွေလေ။


    တူမလေးက သင်္ကြန်ပွဲဆိုတာကို သေသေချာချာနားမလည်တော့ ငါ့ကိုလာမေးတယ်။ သူမှ မကြုံဖူးဘဲကိုး။ ငါလည်း သိသလောက်ကြိုးစားရှင်းပြပေမယ့် သူသိချင်တဲ့အဖြေ မ‌ရသေးတဲ့ပုံစံနဲ့ ငါ့ကိုစိုက်ကြည့်နေတာ။


    ငါလည်း ဆက်ရှင်းပြမတတ်တော့တာနဲ့ YouTube ထဲက သင်္ကြန်သီချင်းတစ်ပုဒ် ကောက်ဖွင့်ပြလိုက်ရော…။


    အဲမှာ “ဟယ်…လူတွေအများကြီး ရေပက်နေကြတာနော်” လို့ တူမလေးက တအံ့တဩ ပြောရှာတာ။ တူမလေးဆီက မမျှော်လင့်ဘဲ အဲဒီစကားကြားတော့ သက်ပြင်းတွေချလို့ကို မဆုံးတော့ပါဘူး။


    “တစ်နေ့နေ့တော့ သူကြုံဖူးသွားမှာပါလေ” လို့ပဲ ဖြေတွေး တွေးယူလိုက်ပါတယ်။

    8 min
  • ဧပြီလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ကောင်စီဒုခေါင်းဆောင်ရောက်နေတဲ့ မော်လမြိုင်က စစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း- လောင်းလုံးမြို့ လဝကရုံးက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရတဲ့အကြောင်း- မဲဆောက်က စစ်ကောင်စီလေယာဉ်ကိစ္စ ပြည်သူကိုရှင်းပြဖို့ ထိုင်းအစိုးရကို ပီတာတိုက်တွန်းတဲ့သတင်း- စစ်ကောင်စီတပ်မှာ စစ်မှုထမ်းခိုင်းဖို့အတွက် တနင်္သာရီတိုင်းမှာ စစ်သင်တန်းစပေးနေတဲ့အကြာင်း- မွန်မှာ တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရတဲ့အခြေအနေ- ပလမြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့အကြောင်း- မွန်ပြည်နယ်က ဓမ္မသရွာကို စစ်ကောင်စီက နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေလို့ မီးထပ်လောင်ခဲ့တဲ့ အခြေအနေ- ကံပေါက်က ဆောက်လုပ်ရေးကုမ္ပဏီ ကားသမားနှစ်ဦးကို စစ်ကောင်စီရေတပ်က ထပ်ဖမ်းသွားတာစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။