တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့မေလ (၂၃) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
လူကုန်ကူးခံရတဲ့နိုင်ငံခြားသားတချို့ ရန်ကုန်မှာ ပိတ်လှောင်ခံခဲ့ရ
ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲ အရပ်သားငါးဆယ်ကျော်ပါဝင်
ကြံ့နှစ်ကောင်ဘိလပ်မြေသင်္ဘောတွေကို ကာကွယ်ရေးအဖွဲ့တချို့ အခွန်ယူဖြတ်သန်းခွင့်ပေးနေတယ်လို့ဆို
စစ်ကိုင်းမြို့နယ်မှာ ငါးနှစ်အရွယ်ကလေးတဦးအပါအဝင် စစ်ရှောင်တွေ သေဆုံးမှုနှစ်ရက်ဆက်တိုက်ဖြစ်
ပြီးခဲ့တဲ့စာသင်နှစ်က ကျောင်းမတက်ခဲ့တဲ့ဆယ်တန်းကျောင်းသားတွေ ဒီနှစ်မှာအပြင်ဖြေသာဖြေခွင့်ရမယ်
ဖိလစ်ပိုင်က ကိုလိုနီခေတ်လက်ရာ မနီလာ စာတိုက်ကြီး မီးလောင်ပျက်စီး
လူမျိုးရေး ခွဲခြားခံရတဲ့ ဘောလုံးသမားအတွက် ရပ်တည်ပြီး ရီယိုမြို့က ခရစ်တော် ရုပ်တုကြီးမှာ မီးတွေမှိတ်
မြန်မာပြည် ဆင်းရဲတွင်းထဲက မလွတ်နိုင်တဲ့အကြောင်း၊ မင်းသေ့