တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဇွန်လ ( ၁၃ ) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
မယ်စဲ့မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီစခန်းတချို့သိမ်းပိုက်ခံရ
ရန်ကုန်နဲ့နေပြည်တော်က စစ်အုပ်စုဌာနဆိုင်ရာတွေ ဖောက်ခွဲတိုက်ခိုက်ခံရ
ဥက္ကဌဖြစ်သူကစစ်ကောင်စီနဲ့တွေ့ဆုံခဲ့ပြီးနောက် တောင်အာရှသတင်းထောက်အသင်းဝင်တွေနှုတ်ထွက်
လုပ်ခတိုးတောင်းလို့ အလုပ်ထုတ်ခံရသူတွေအတွက် ဆန္ဒပြသူတွေကိုစစ်တပ်ကဖိအားပေးခြိမ်းခြောက်
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ရင် PDF၊NUG တို့နဲ့ ဆက်စပ်သူတွေ လက်မခံထားကြောင်း ခံဝန်ထိုးခိုင်းနေ
ပင်လယ်ထဲက တက်လာတဲ့ ဝက်ဝံကြောင့် ဖလော်ရီဒါ ကမ်းခြေတခုမှာ အပန်းဖြေနေသူတွေ တအံ့တဩဖြစ်
NATO ရဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံး လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုကြီး စတင်
ကိုယ့်နှလုံးသားက အလိုရှိတဲ့ ဘာသာရပ်ကို ရွေးချယ်လေ့လာသင်ယူကြဖို့၊ မင်းသေ့