တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဇွန်လ (၃၀) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
စစ်ကိုင်းမှာ ငါးရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဆယ်နီးပါးကျဆုံး
ပုသိမ်ကြီးမှာ စစ်ကောင်စီက ဖယ်ရှားမယ့် ကျေးရွာနဲ့ နေအိမ်တွေထပ်တိုးလာ
ကလေးမြို့နယ်မှာအခုလအတွင်း အရပ်သားနှစ်ဆယ်နီးပါးသေဆုံး
မြိတ်မှာ ကုရ်ဘာနီ အီးဒ်ပွဲတော် လုပ်သူတချို့ ဒဏ်ငွေရိုက်ခံရ
စစ်ကောင်စီလက်နက်ကြီးထိလို့ရေစကြိုဒေသခံအမျိုးသမီးတဦးသေဆုံး
ကြေးစားတပ်ရဲ့ ပုန်ကန်မှုအတွင်း လေယာဉ်တွေနဲ့ လေသူရဲတွေ ဆုံးရှုံးခဲ့တဲ့ ရုရှားလေတပ်
Rock ဂီတစတား တယောက်လို ပူတင်ကို လူထုက ကြိုဆိုနေပုံ ဗီဒီယိုနဲ့ ရုရှား ဝါဒဖြန့်
ပုသိမ်ထီးနှင့်ခရင်းဝါး၊ ဧရာဝတီ အယ်လ်ဘမ်အက်ဆေး