အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 pm Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားသူပြစ်မှုထင်ရှားတယ်လို့ နယူးယောက် တရားရုံး ဆုံးဖြတ်
မန္တလေးမြို့ကဆေးဆိုင်တဆိုင် ကျပ်သိန်းရှစ်ရာနီးပါး ဓားပြတိုက်ခံရ
မူးယစ်ဆေး၊ လက်နက်တွေနဲ့ ဖမ်းမိသူသုံးဦးကို လောင်းလုံး PDF က ကြိမ်ဒဏ်ပေး
စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဆက်နေတဲ့မူဆယ်မြို့အနီး လေကြောင်းကဗုံးကြဲ
လားရှိုးမှာ ဓာတ်အားလိုင်းကြိုး ဖြတ်ခိုးဖို့ကြိုးစားရာက အမျိုးသားတဦးဓာတ်လိုက်သေဆုံး
မော်စကိုနဲ့ ခရိုင်းမီးယားမှာ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အတည်ပြု
ဂရိပိုင် ရုဒ်စ်ကျွန်းမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အရေးပေါ် ပြောင်းရွှေ့ စတဲ့သတင်းများနဲ့အတူ စာရေးဆရာမင်းသေ့ရဲ့ ဆောင်းပါးတပုဒ် ကိုနားဆင်ရမှာပါ။