အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ ထောင်ဒဏ်တချို့ စစ်ကောင်စီလျှော့ပေါ့
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ကို စစ်ကောင်စီပြန်လွှတ်
စစ်တပ်က အစုအပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၁၄၀ ကျော်လုပ်ခဲ့ပြီး လူ ၁၆၀၀ နီးပါးသေဆုံး
အာဏာရှင်ကို မဲပေးလိုက်ရတာမျိုးဖြစ်မှာစိုးလို့ ရွေးကောက်ပွဲမလုပ်တာလို့ စစ်ခေါင်းဆောင်ပြော
ဒီပဲယင်းက တိုက်ပွဲမှာ စစ်ကောင်စီဘက်ကခြောက်ဦးသေဆုံး
ရက်မရွှေ့ချင်လို့ ရေကြီးနေတဲ့ဘုရားကျောင်းထဲမှာပဲ မင်္ဂလာဆောင်ခဲ့ကြတဲ့ ဖိလစ်ပိုင် စုံတွဲ
အမေရိကန် ကမ်းခြေတခုမှာ အပန်းဖြေနေသူတွေနား လေယာဉ်ပျက်ကျ စတဲ့သတင်းများနဲ့အတူ နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ကို နားဆင်ရမှာပါ။