အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စင်္ကာပူနိုင်ငံက စစ်အုပ်စုထံလက်နက်လွှဲပြောင်းမှုနဲ့ ဘဏ်တွေသုံးစွဲခွင့်ပေးမှုရပ်တန့်ပေးဖို့တောင်းဆို
H&M တံဆိပ်အထည်ချုပ်တဲ့စက်ရုံက အမျိုးသမီးလုပ်သားတဦးထိုးကြိတ်ခံရပြီး အလုပ်လည်းထုတ်ခံရ
မန္တလေးမှာ ဖယောင်းတိုင်ကတဆင့် မီးလောင်လို့ လေဖြတ်နေသူအပါအဝင် သုံးဦးသေဆုံး
နိုင်ငံတဝန်း PDF တပ်ရင်းတွေမှာဒရုန်းအစင်းလေးရာကျော်ဖြန့်ဝေထားတယ်လို့ဆို
သန်းခေါင်စာရင်းကောက်ယူရေးအတွက် နိုင်ငံတကာအကူအညီမရတော့ဘူးလို့စစ်ကောင်စီပြော
ပါကစ္စတန်က ကောင်းကင်ကြိုး ကေဘယ်ကားထဲ ပိတ်မိနေသူတွေကို စွန့်စွန့်စားစား ကယ်တင်
လေစွမ်းအင်သုံး ကုန်တင် သင်္ဘောရဲ့ ပထမဆုံး စမ်းသပ်ခရီးစဉ် လက်တွေ့စတင် စတဲ့သတင်းများနဲ့အတူ “မြောက်ကိုရီးယား ဒုံးကျည်နည်းပညာ တိုးတက်မှုတွေ နောက်ကွယ်မှာ ရုရှား ရှိနေသလား”ဆိုတဲ့ဆောင်းပါးကို နားဆင်ရမှာပါ။