အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ ဩဂုတ်လ ၃၀ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
ရန်ကုန်မှာ သုံးရက်ဆက်ဖောက်ခွဲတိုက်ခိုက်မှုတွေဖြစ်
ပြည်ပရောက်အလုပ်သမားတွေရဲ့လွှဲပို့ငွေကို တရားဝင်ပို့ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက အေဂျင်စီတွေကို ခေါ်ပြောပြန်
မူဆယ်နဲ့ကွတ်ခိုင်တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းလက်နက်ကြီးအလုံးအရင်းအသုံးပြု
ညောင်လေးပင်မှာလက်နက်ကြီးကြောင့် ခုနစ်နှစ်သမီးနဲ့မိခင်ဖြစ်သူသေဆုံး၊လေးဦးဒဏ်ရာရ
ကန့်ဘလူမှာစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ
လေထုညစ်ညမ်းမှုကြောင့် လူ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ခြေ ပိုမို မြင့်တက်လာ
လမ်းလျှောက်ရင်း၊ အပြေးလေ့ကျင့်ရင်း သဘာဝ ပတ်ဝန်းကျင်ကို ကူညီပေးနိုင်မယ့် ဖိနပ်အစွပ်စတဲ့သတင်းများနဲ့အတူ "သက်ဆင်ရဲ့ အပြန်ခရီး နောက်ဝယ်" ဆိုတဲ့ ဆောင်းပါးကို နားဆင်ရမှာဖြစ်ပါတယ်။