အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ကမ္မဒေသခံနှစ်သောင်းကျော် နေရပ်မပြန်နိုင်သေး
သံဖြူဇရပ်ဒေသခံသုံးဦးကို စစ်ကောင်စီကဖမ်းပြီး နေ့တွင်းချင်းပုဒ်မတပ်အမှုဖွင့်
ကသာနယ်၊ တုပ်ကြီးရွာမှာ စစ်ကောင်စီက အရပ်သားခုနစ်ဦးကိုသတ်ဖြတ်
တန့်ဆည်က စစ်ကောင်စီစခန်းနှစ်ခု တပြိုင်တည်းတိုက်ခိုက်ခံရ
မိုးစပါးပေါ်ချိန် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချဝယ်ယူကြဖို့ ဆန်းစပါးအသင်းချုပ်ထုတ်ပြန်
သတင်းစာရှင်းလင်းပွဲအပြီး ဘရာဇီးသမ္မတကို လက်ဆွဲနှုတ်ဆက်ဖို့မေ့သွားတဲ့ ဘိုင်ဒန်
ယူကရိန်းသမ္မတ ကုလသမဂ္ဂညီလာခံ တက်ရောက်နေချိန် ယူကရိန်းမြို့ရွာတွေကို ရုရှားဒုံးကျည်မိုးရွာ
စတဲ့သတင်းများနဲ့အတူ “မေတ္တာခရီးသည်” ဆိုတဲ့ ဧရာဝတီအယ်လ်ဘမ်အက်ဆေးကို နားဆင်ရမှာဖြစ်ပါတယ်။