အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
လုပ်ခတိုးတောင်းလို့ အဖမ်းခံရတဲ့အထည်ချုပ်အလုပ်သမားတွေနဲ့ ကူညီသူတွေပြန်လွတ်လာ
မြန်မာ့အရေး စေ့စပ်ဆွေးနွေးမှုနဲ့သာအဖြေရှာဖို့တိုက်တွန်းတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်
အင်းတော်မှာဖမ်းခံရသူလေးဦးကို စစ်ခုံရုံးကထောင်တသက်အပါအဝင်နှစ်ရှည်ပြစ်ဒဏ်တွေချ
ရွှေကူနယ်ကစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့စစ်သားတဦးကိုမြို့လှ PDF ကပြန်လွှတ်ပေး
မူဆယ်ကနေ မြန်မာ-တရုတ်နှစ်နိုင်ငံ ခုနစ်ရက်ဗီဇာနဲ့သွားလာနိုင်ပြီ
ဆရာမငယ်တဦး သေကြောင်းကြံမှုကိုအကြောင်းပြုပြီး ဆိုးလ်မှာဆရာဆရာမတွေ သောင်းနဲ့ချီစုဝေးဆန္ဒပြ
အမေရိကန်မှာ သဲကန္တာရထဲပွဲတော်ကျင်းပရင်း မိုးရွာလို့ပိတ်မိနေခဲ့သူသောင်းဂဏန်း စတင်နေရပ်ပြန်စတဲ့သတင်းများနဲ့အတူ စာရေးဆရာမင်းသေ့ရဲ့ “မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေး သဘောသဘာဝ” ဆိုတဲ့ဆောင်းပါး ကိုနားဆင်ရမှာဖြစ်ပါတယ်။