အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီအနောက်ဘက်ကမ်းဒေသတွေကို စိုးမိုးဖို့ကြိုးစားနေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနပြော
တော်လှန်ရေးကာလအတွင်း လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်ထိန်းကျောင်းပေးဖို့တောင်းဆို
မုန်လိုင်ခက်စစ်ရှောင်စခန်းက လူဦးရေခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ
ဧရာဝတီတိုင်းကရွာတွေမှာ ပျူစောထီးတွေကိုလဝက်ကြာ စစ်သင်တန်းပေးနေ
NUG ခေါင်းဆောင်တွေနဲ့ PDF တပ်ဖွဲ့တာဝန်ရှိသူတွေ အွန်လိုင်းကတွေ့ဆုံ
ဟားမားစ်တွေလက်က ပွတ်ကာသီကာ လွတ်မြောက်ခဲ့တဲ့ အစ္စရေးအမျိုးသမီးတွေရဲ့ ဖြစ်စဉ်မှတ်တမ်း ဗီဒီယို ပျံ့နှံ့နေ
လေထီးခုန်ချင်တဲ့ ဆန္ဒ ပြည့်ဝပြီးတပတ်အကြာမှာ ကွယ်လွန်သွားရှာတဲ့ အသက်ရာကျော်အဖွားအိုစတဲ့သတင်းများနဲ့အတူ စာရေးဆရာလင်းခါးရဲ့ “ဓါတ်ပုံထဲက လူ” ဆိုတဲ့အက်ဆေးကို နားဆင်ရမှာဖြစ်ပါတယ်။