အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
မြန်မာလုပ်သားတွေကို တောင်ကိုရီးယားက ရာသီချိန်လုပ်သားအဖြစ်ခေါ်ဖို့ သဘောတူလက်မှတ်ရေးထိုးထား ခြင်းမရှိ
ဗန်းမော်မြို့မှာစစ်ကောင်စီက ဇနီးမောင်နှံနှစ်ဦးကိုဖမ်းပြီး နေအိမ်ကိုဗုံးခွဲဖျက်ဆီး
အိန္ဒိယကအဝယ်ရပ်လို့ ကွမ်းသီးဈေး ထက်ဝက်ကျော်ကျ
မင်းတပ်မှာ စစ်ရှောင်တွေနာမကျန်းဖြစ်နေပြီး ဆေးဝါးနဲ့ရိက္ခာအခက်ကြုံနေ
လောင်းလုံးက ရာဘာခြံလုပ်ငန်းတွေရပ်ထားရလို့ လုပ်ငန်းလုပ်ကိုင်သူတွေ နစ်နာမှုများရှိနေ
တရုတ်တိုက်လေယာဉ်တွေရဲ့ နှောင့်ယှက်ပျံသန်းမှုမှတ်တမ်းဗီဒီယိုတွေကို အမေရိကန်ထုတ်ပြန်
ဂါဇာက ဆေးရုံပေါက်ကွဲမှုဟာ ပါလက်စတိုင်းပြောက်ကျားတွေရဲ့ ဒုံးကျည်ကြောင့်လို့ အစ္စရေးရှင်းလင်းစတဲ့သတင်းများနဲ့အတူ စာရေးဆရာလင်းခါးရဲ့ “ခံစား၊ ဗျာများ အားလုံးဟာ ချန်ထားခဲ့ရမှာတွေချည်း” ဆိုတဲ့အက်ဆေးကို နားဆင်ရမှာဖြစ်ပါတယ်။