အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
အောင်ဂျာတိုက်ပွဲအောင်မြင်မှုက တော်လှန်ရေးအတွက်အရေးပါတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော
မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေဆက်လုပ်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တိုက်တွန်း
စစ်ခေါင်းဆောင်အပါအဝင်ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ ရာဇဝတ်မှုနဲ့တရားစွဲဖို့ကြိုးပမ်း
တိုင်းရင်းသားမဟာမိတ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပိုမိုပေါင်းစည်းဖို့ NUG ယာယီသမ္မတတိုက်တွန်း
ပေါက်မှာ ဆယ်ရက်ကျော်ကြာစစ်ကြောင်းထိုးနေလို့ ဒေသခံသုံးထောင်ကျော်ရိက္ခာခက်ခဲလာ
ဟားမားစ်တွေရဲ့ မြေအောက်ဥမင်တွေဟာ ပင့်ကူအိမ်တွေလို ရှုပ်ထွေးနေတယ်လို့ လွတ်မြောက်လာသူပြော
နှစ်လလောက် ပျောက်ကွယ်နေခဲ့ပြီးနောက် တရုတ် ကာကွယ်ရေးဝန်ကြီး ရာထူးက ထုတ်ပယ်ခံရစတဲ့သတင်းများနဲ့အတူ “ဂါဇာ ပဋိပက္ခမှာ မီးစာထိုးထည့်ပေးနေတဲ့ အီရန်ရဲ့ လက်တံများ” ဆိုတဲ့ဆောင်းပါးကို နားဆင်ရမှာဖြစ်ပါတယ်။