အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတပ်တွေသိမ်းပိုက်နိုင်ပြီ
ရခိုင်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ တညတည်း လေးဦးသေဆုံး၊ နှစ်ဆယ်နီးပါး ဒဏ်ရာရ
လောက်ကိုင်ကနေ နေရပ်ပြန်လိုသူတွေ ငွေကြေးလိမ်လည်ခံနေရ
တနိုင်ငံလုံး စစ်ဆင်ရေးအဖြစ်ကူးပြောင်းနိုင်မှ “၁၀၂၇” အောင်မြင်လိမ့်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပြော
အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဆယ်ဝန်းကျင်ကို မြန်မာဘက်ပြန်ပို့
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာသွေးလွန်တုပ်ကွေးပြဿနာ စံချိန်တင်ဆိုးရွား
မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ဆန်ဖရန်ဆစ္စကိုမြို့ကို အသီးသီးရောက်ရှိလာတဲ့ ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင် စတဲ့နိုင်ငံတကာသတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။