အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
ညောင်လေးပင်မှာ စစ်ကောင်စီက သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု တဆယ့်နှစ်ကြိမ်ပြုလုပ်
စစ်တွေက အမြှောက်တပ်ထဲ ပေါက်ကွဲမှုဖြစ်လို့ စစ်သားနှစ်ဦးသေ
မူဆယ် ကျင်စန်းကျော့ဂိတ်မှာ လက်နက်ကြီးကျလို့ ကုန်တင်ကားအများအပြားမီးလောင်ပျက်စီး
ကလေးနဲ့တမူးက စစ်ကောင်စီစခန်းနဲ့ပျူစောထီးရွာတို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
ရန်ကုန်မှာ ပေါ်တာဆွဲတဲ့သတင်း စစ်ကောင်စီငြင်း
ကိုအာလာလေးတွေ လွတ်လွတ်လပ်လပ် ရှင်သန်ဖို့ ဩစတြေးလျမှာ သဘာဝစင်္ကြံတခု ဖန်တီးပေးထား
နယ်စပ်တံတားက ကားမီးလောင်ပေါက်ကွဲမှုဟာ အကြမ်းဖက်မှု ဟုတ်,မဟုတ် အမေရိကန်နဲ့ကနေဒါ စုံစမ်းနေ စတဲ့နိုင်ငံတကာသတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။