အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စစ်ခေါင်းဆောင်ရဲ့ လားရှိုးခရီးစဉ်အပြီးနာရီပိုင်းအတွင်း ရမခလက်အောက်ခံ စစ်စခန်းလေးခု သိမ်းပိုက်ခံရ
ပလက်ဝမြို့ပေါ်ကိုဝင်ထွက်သွားလာခွင့် စစ်ကောင်စီပိတ်ပင်၊ ဒေသခံတွေ ဆေးဝါးနဲ့ရိက္ခာအခက်ကြုံ
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ယူနန်ပြည်နယ်ဒုတိယအတွင်းရေးမှူးတို့ နယ်စပ်ဒေသအရေး ဆွေးနွေး
ပလက်ဝမှာ ကိုးရက်အတွင်းရဲနဲ့စစ်သားဆယ်ဦး CDF နဲ့ပူးပေါင်း
သိန္နီမြို့ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ နေအိမ်ဆယ်လုံးနီးပါးမီးလောင်
ဗင်းနစ်မြို့ကတူးမြောင်းထဲ ဆိုးဆေးအစိမ်းတွေလောင်းချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတွေ ဆန္ဒပြ
ဖလော်ရီဒါ လူနေအိမ်တခုက ခရစ္စမတ်အလှဆင် သမင်ရုပ်ကို ဝက်ဝံကြီးတကောင် ခိုးယူသွား စတဲ့သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။