အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
လက်နက်ကိုင်ပြီး အာဏာလိုချင်တဲ့စိတ်ကို ပြုပြင်ဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကဆို
ပြည်ပအထောက်အပံ့ရှိရင် နေပြည်တော်ကိုပါ အချိန်တိုအတွင်းသိမ်းနိုင်တယ်လို့ ကိုးကန့်တပ်ပြော
မူဆယ် ၁၀၅ မိုင်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးတဲ့လူမှုရေးအသင်းတချို့ ပစ်ခတ်ခံရ
ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နိုင်ပြီလို့ MNDAA ပြော
ရေဇွာမြို့သိမ်းတိုက်ပွဲမှာ ချင်းပူးပေါင်းတပ်တွေက လက်နက်မျိုးစုံ သုံးဆယ်ထက်မနည်းသိမ်းဆည်းနိုင်ခဲ့
နော့ထရီဒမ် ဘုရားကျောင်းကြီးရဲ့ ပြန်လည်တည်ဆောက်မှု လုပ်ငန်းတွေ ပီပီပြင်ပြင်ရုပ်လုံးပေါ်လာနေ
ဂါဇာမှာ လက်နက်တွေကြောင့်ထက် ရောဂါကြောင့်သေသူဦးရေ ပိုများလာနိုင်တယ်လို့ WHO သတိပေး စတဲ့နိုင်ငံတကာသတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။