အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
မန္တလေး PDF ကဖမ်းမိထားတဲ့စစ်သားတချို့ CDM ဝင်ခွင့်ပေးဖို့တောင်းဆို
ရှမ်းမြောက်မှာ အထိနာနေတဲ့စစ်ကောင်စီ ကချင်မှာလည်း စခန်းထပ်သိမ်းခံရ
နမ့်ဖတ်ကာမှာ လက်နက်ကြီးကြောင့် လေးရက်အတွင်းအရပ်သားငါးဦး သေဆုံး
တရုတ်နိုင်ငံတော်ကောင်စီနဲ့ စစ်ကောင်စီပြည်ထဲရေး နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေး
မိုင်းပါးတပ်စခန်းက စစ်ကောင်စီတပ်သားတွေ စခန်းလုံးကျွတ်ထွက်ပြေးခဲ့တယ်လို့ TNLA အသိပေး
ဒါဇင်နဲ့ချီ သေဆုံးတဲ့ ရထားတိုက်မှုဟာ လူသားအမှားကြောင့်လို့ အိန္ဒိယစုံစမ်းရေးအရာရှိတွေ ယူဆ
အစ္စရေး မြေပြင်ထိုးစစ်စတင်လာတဲ့အပေါ် ဟားမားစ်တွေဖမ်းဆီးခြင်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်စတဲ့သတင်းများနဲ့အတူ စာရေးဆရာမင်းသေ့ရဲ့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ” ဆိုတဲ့ ဆောင်းပါးအပိုင်း (၂) ကိုနားဆင်ရမှာဖြစ်ပါတယ်။