အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 pm Podcast အစီစဉ်ပဲဖြစ်ပါတယ် ။ ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်လို့ဆို
ရေစကြိုမြို့ပေါ်မှာဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးပစ်သတ်ခံရ
တောင်ဥက္ကလာမှာ ကျန်းမာရေးမကောင်းသူတဦးလမ်းဘေးစွန့်ပစ်ခံရပြီးနောက် သေဆုံး
ကရင်နီစစ်ရှောင်စခန်းတခုအပါအဝင် နေရာနှစ်ခုကိုစစ်ကောင်စီဗုံးကြဲလို့ ကလေးတဦးအပါအဝင်နှစ်ဦးသေဆုံး
ဥရောပသမဂ္ဂရဲ့မြန်မာနိုင်ငံကကုန်ထုတ်လုပ်ရေးစီမံကိန်းရပ်ဆိုင်းဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တိုက်တွန်း
ဘန်ကောက်မှာ ဆောက်လုပ်ဆဲ ခုံးကျော်တံတား ပြိုကျပြီး လူနှစ်ဦး သေဆုံး
နိုင်ငံရေးကနေ အပြီးအနားယူတော့မယ်လို့ ထိုင်းဝန်ကြီးချုပ် ပယာရွတ် ကြေညာ စတဲ့သတင်းများနဲ့အတူ ရက်ငါးရာပြည့် ယူကရိန်းစစ်ပွဲမှာ အမေရိကန် ယူဆောင်လာတဲ့ ဗုံးပဒေသာ ဂယက် ဆိုတဲ့ဆောင်းပါးကိုနားဆင်ရမှာပါ။