တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဇွန်လ ( ၂၃ ) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေကိုအလွယ်တကူချေမှုန်းနိုင်ပေမယ့် ထိန်းသိမ်းဆောင်ရွက်နေတာလို့စစ်ကောင်စီနိုင်ငံ ခြားရေးဝန်ကြီးဆို
ဝက်လက်မှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်တပ်ကအရပ်သားနှစ်ဦးကို ပစ်သတ်ပြီးနှစ်ဦးကိုဖမ်းဆီး
တမူးမှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေတပတ်ကြာတိုက်ပွဲပြင်းထန်နေ
ကျိုက်ထိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တဦးပစ်သတ်ခံရ
ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက်စစ်ကြောင်းထိုးမှုနဲ့စစ်ရှောင်ရင်းသေဆုံးသူ တဆယ့်ငါးဦး ထက်မနည်းရှိနေ
ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ပျက်စီးသွားပြီး လိုက်ပါသွားသူ အားလုံး သေဆုံးကြောင်း အတည်ပြု
ဝေလငါးတွေရဲ့ အနီးကပ် စူးစမ်းမှုကြောင့် အံ့ဩခဲ့ရတဲ့ ရွက်လှေ ပြိုင်ပွဲဝင်တွေ
ဧရာဝတီရထားစီးဖူးကြသလား၊ ဧရာဝတီအယ်လ်ဘမ် အက်ဆေး