တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့မေလ (၂) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
#ကိုဗစ်ရောဂါတွေ့ပြီးသေဆုံးထားသူနဲ့ထိတွေ့ထားသူတွေကိုမစစ်ဆေးဘဲနေအိမ်ပြန်လွှတ်လို့ဒေသခံတွေစိုးရိမ်နေ
#မဲဆောက်မှာ မြန်မာလူငယ်နှစ်ဦးသေနတ်နှစ်လက်နဲ့အတူဖမ်းဆီးခံရ
#အမရပူရရဲစခန်းတိုက်ခိုက်ခံရမှုမှာခြောက်နှစ်အရွယ်ကလေးတဦးသေဆုံး
# ရေနစ်သေဆုံးမှုတွေဆက်တိုက်ဖြစ်နေတဲ့ပြည်မြို့ဧရာဝတီမြစ်အတွင်းမှာ သတိပေးဆိုင်းဘုတ်တွေစိုက်ထူ
# တာချီလိတ်မှာ ကျပ်သန်းခုနစ်ထောင်ကျော်တန်ဖိုးရှိမူးယစ်ဆေးတွေဖမ်းမိတယ်လို့ဆို
#မယ်ခါးထာ့စခန်းပြန်ရဖို့ စစ်ကောင်စီအပြင်းအထန်ထိုးစစ်ဆင်နေ
#နယ်စပ်ဧရိယာမှာ ရုရှား ကုန်တင်ရထား လမ်းချော်ပြီး ပေါက်ကွဲမှု ဖြစ်ပွား
#ရဲတပ်ဖွဲ့ဝင်တွေ မီးလောင်ဗုံးနဲ့ ပစ်ခတ်ခံရမှု ပါရီရဲတပ်ဖွဲ့ စုံစမ်းနေ
# နိုင်ငံရေးလီဗာ နိုင်ငံရေးသတိ ၊ မင်းသေ့