တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။တော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့ ဧပြီလ(၂၀)ရက်မှာရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
#ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံတမှုနဲ့ပြင်ဆင်မှုနှစ်မှုကိုလက်ခံစစ်ဆေးမယ်
#စဉ့်ကူးနယ်က ဘုံသာကုန်းရွာစစ်ကြောင်းထိုးခံရပြီးပိတ်မိသူတွေရှိနေ
#ပတ်စ်ပို့သက်တမ်းတိုးမူဝါဒသစ်ကြောင့်အခက်တွေ့ကြရဦးမယ့် ထိုင်းရောက်မြန်မာတွေ
#စစ်တပ်ရိက္ခာပို့စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သားတဦးအရှင်ဖမ်းဆီးခံရ
#စစ်ရှောင်ပြေးရင်း အမောဖောက်သေဆုံးခဲ့တဲ့ခင်ဦးဒေသခံအဖွားအို
#မန္တလေးပုသိမ်ကြီးမြို့ပေါ်မှာပစ်ခတ်မှုဖြစ်ပြီး စစ်သားတဦးသေဆုံး
#ပင်စင် မူဝါဒသစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ၃၈ ထပ်တိုက်ကို တွယ်တက်ပြခဲ့တဲ့ ပြင်သစ် လူစွန့်စား
#ကိယက်ဗ်မြို့ ကောင်းကင်ယံမှာ တောက်ပတဲ့ အလင်းတန်းကြီး ဖြစ်ပေါ်မှုနဲ့ မပတ်သက်ကြောင်း နာဆာပြော
#စောင့်သူကိုယ်၌ကဘေးထွက်ဆိုးကျိုး၊ လင်းခါး