တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။တော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သ တင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့ ဧပြီလ(၁၁)ရက်မှာရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
#ကန့်ဘလူက ပကဖ ရုံးဖွင့်ပွဲ ဗုံးကြဲခံရလို့ လူအစုအပြုံလိုက်သေဆုံး
#မန်းတရားလွှတ်တော်ဒုညွှန်မှူးအသတ်ခံရပြီးနေအိမ်လည်းမီးလောင်
#KNU/KNLA(PC)စစ်ရေးချုပ်အဆုံးစီရင်တယ်လို့ဆို
#Lion Battalion စစ်ကြောင်းကတပ်ဖွဲ့ဝင်သုံးဦးမော်လမြိုင်စစ်ကြောရေးရောက်နေ
#အမြန်လမ်းမှာလမ်းဘေးဘယ်ရီယာတုံးကားဝင်တိုက်ပြီးနှစ်ရက်အတွင်းလူလေးဦးသေဆုံး
#ကိုဗစ် အရေးပေါ် အခြေအနေ တုံ့ပြန်ရေး လေ့ကျင့်မှုတခု အိန္ဒိယ တနိုင်ငံလုံးက ဆေးရုံတွေမှာ လုပ်ဆောင်
#လယ်ကွက်ထဲမှာ ပီကာဆိုရဲ့ ပုံတူပန်းချီကားကြီးကို လယ်ထွန်စက်နဲ့ ရေးဆွဲခဲ့တဲ့ အီတလီ ပန်းချီဆရာ
#ငြူစူစောင်းမြောင်းခြင်း အလေ့ရှိကုန်သော၊ မင်းသေ့