တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။တော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။
ဒီကနေ့ ဧပြီလ (၂၅) ရက်မှာရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
#စစ်ကိုင်းမြို့နယ်တပုရင်းကွဲရွာသားတဦးညှင်းပန်းနှိပ်စက်အသတ်ခံရ
#နောင်ချိုကနေရပ်ပြန်စစ်ရှောင်တွေကို စစ်တပ်က ရွာအပြင်ထွက်ခွင့်မပေး
#ဖယ်ခုံမြောက်စလုံးရွာတိုက်ပွဲအတွင်းကရင်နီပူးပေါင်းတပ်ကလက်နက်တဆယ်ကျော်နဲ့ခဲယမ်းတွေရရှိ
#စစ်ကြောင်းထိုးခံနေရတဲ့ဆားလင်းကြီးမှာ ဒေသခံတဦးပစ်သတ်ခံရ
#တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းသားတွေကို ဝါဒဖြန့်စည်းရုံးခဲ့တဲ့စစ်ခေါင်းဆောင်
#ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးရှို့မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့စစ်ကောင်စီ
#လေယာဉ်အင်ဂျင်က မီးတွေ ထွက်နေတာကို ခရီးသည်တဦး ဗီဒီယို မှတ်တမ်းတင်ထားနိုင်ခဲ့
#ပါကစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေးရုံး ပေါက်ကွဲမှုမှာ လူတစ်ဒါဇင်ထက်မနည်း သေဆုံး
#ရေရှည်ပြည်တွင်းစစ်ဒဏ်၊ မင်းသေ့