တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။
ယမန်နေ့ မတ်လ (၂၂) ရက် တနေ့တာ သတင်းဖြစ်ရပ်တွေထဲက ထူးခြား၊ထင်ရှားတဲ့ သတင်းဖြစ်ရပ်တွေကို DNA ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။
#ကျူးကျော်လို့ဆိုကာ မန္တလေးကအိမ်ခြေငါးရာဝန်းကျင်ဖြိုဖျက်ခံရ
#မန္တလေးမှာပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့်ရာအိမ်မှူးနှစ်ဦးနဲ့ရဲတဦးသေဆုံး
#KNUနယ်မြေထဲစစ်အုပ်စုကတရက်တည်းဗုံးအလုံးသုံးဆယ်နီးပါးကြဲချ
#တိုက်ပွဲပြင်းထန်နေတဲ့ဒီးမော့ဆိုမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်
#စစ်အုပ်စုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေမကြာခင်ထပ်ကြေညာမယ်လို့အမေရိကန်ပြော
#မြန်မာအမျိုးသမီးတွေလူကုန်ကူးမှုရဲ့သားကောင်ဖြစ်နေတယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
#ပြင်သစ် အစိုးရရဲ့ ပင်စင် မူဝါဒသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာ
#တရုတ်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ကြိုဆိုပေမယ့် ယူကရိန်းက လက်ခံမှာ မဟုတ်ဘူးလို့ ပူတင်ပြော
#ထောင်ချောက်ထဲခြေတဖက်မိနေတဲ့ဝက်ဝံ၊ လင်းခါး