တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။
ယမန်နေ့ မတ်လ (၉)ရက် တနေ့တာ သတင်းဖြစ်ရပ်တွေထဲက ထူးခြား၊ထင်ရှားတဲ့ သတင်းဖြစ်ရပ်တွေကို DNA ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။
#စစ်ကောင်စီရွေးကောက်ပွဲကိုအာဆီယံလွှတ်တော်အမတ်တွေကန့်ကွက်မယ်
#Burma Act အကောင်အထည်ဖော်ဖို့ CRPH ဥက္ကဌနဲ့အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံဆွေးနွေး
#မန္တလေးကဇလုံကြီးဟင်းအနှစ်ထုပ်ဆိုင်ရှင်အဖမ်းခံရပြီး ရန်ကုန်ကဆိုင်ရှင်တိမ်းရှောင်နေရ
#အရှုံးများလို့ရပ်ခဲ့တဲ့သံမဏိစက်ရုံတွေအရေးNLD အစိုးရကိုမင်းအောင်လှိုင်အပြစ်တင်
#ချင်းပြည်နယ်မှာအင်အားဖြည့်မယ့်စစ်တပ်က ကားအစီးနှစ်ဆယ်ကျော်ချောဆွဲ
#မယ်ဒလင်ဂီတသံစဉ်တွေနဲ့နာမည်ကျော်ခဲ့တဲ့တွံတေးစိုးအောင်ကွယ်လွန်
#ဗိုလ်မှူးကြီးအနေနဲ့ စစ်သည်တွေကို ပထမဆုံးအကြိမ် သွားတွေ့ဆုံခဲ့တဲ့ ဗြိတိန် အိမ်ရှေ့စံ ကြင်ရာတော်
#ဘက်ခ်မတ်မြို့ အရှေ့ပိုင်းကို စတင် သိမ်းပိုက်နိုင်ပြီလို့ ရုရှား ကြေးစားတပ်တွေပြော
#ကန်သုံးဆင့်၊ ယူကလစ်တန်း၊ မြေနီလမ်းနှင့် လွမ်းမောရသော ပုသိမ်ညများ၊ ဧရာဝတီအယ်လ်ဘမ်အက်ဆေး