DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak 5.5 ( ၆ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -စစ်ကိုင်းတိုင်း ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်တဲ့သတင်း

    -အနုပညာရှင်တွေ ရှေ့တန်းထွက်ဖျော်ဖြေရမယ်လို့  စစ်ကောင်စီ ဝန်ကြီးက ပြောလိုက်တဲ့သတင်းနဲ့

    -UNHCR လက်ထောက်မဟာမင်းကြီး  ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းကိုသွားရောက်တဲ့ သတင်းတွေ နားဆင်ကြရာမှာပါ


    6 min
  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေများ၏ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားမှု ၆၀ ကျော်ရှိ

    ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကလူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး တိုင်ကြားထားတဲ့အမှု ၆၀ ကျော်ရှိပြီး ကြီးမားတဲ့ ပြစ်မှုတွေအတွက် အရပ်ဖက် တရားရုံးကနေ စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်ထားတာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။

    3 min
  • "ရှမ်းမြောက်တိုက်ပွဲက အလှည့်အပြောင်းဖြစ်မလား"(WeeklyNewsDigest05112023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ရှမ်းမြောက်တိုက်ပွဲက နွေဦးတော်လှန်ရေးကို အလှည့်အပြောင်း ဖြစ်စေမလား၊ စစ်အုပ်စုအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု၊ စစ်ခေါင်းဆောင်တွေ ကျူးလွန်တဲ့ရာဇတ်မှုတွေ စတာတွေနဲ့ ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။


    30 min
  • စစ်ကောင်စီတင့်ကားများ စစ်မြေပြင်တွင် အလုပ်မဖြစ်

    ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ယူကရိန်းလုပ်တင့်ကားတွေအပါအဝင် သံချပ်ကာကားတွေ ထုတ်သုံးလာပေမဲ့  ၆ စီးလောက်ကို ညီနောင်တိုင်းရင်းသားတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး  စစ်ကောင်စီတင့်ကားတွေဟာ စစ်မြေပြင်မှာ အလုပ်မဖြစ်နိုင်ဘူးလို့ အာဏာဖီဆန် CDM လုပ်လာတဲ့ တင့်ကားတပ်က အရာရှိတွေက သုံးသပ်ပြောဆိုပါတယ်။ ဒီသတင်းကို ကိုမင်းညို ပေးပို့ ထားပါတယ်။ 

    5 min
  • DVB Newsbreak 5.5 ( ၃ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ 

    -ရှမ်းမြောက်တိုက်ပွဲတွေကြောင့်  ဒုက္ခသည် ၂၃,၀၀၀ ကျော်ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂက  ထုတ်ပြန်လိုက်တဲ့သတင်း

    -တိုက်ခိုက်လာသူများကို တန်ပြန်ချေမှုန်းသွားမယ်လို့  စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်းနဲ့

    -ကိုးကန့်တိုက်ပွဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂  ယောက်ကို ကယ်တင်ပေးဖို့ ထိုင်းဝန်ကြီးချုပ်က ပန်ကြားလိုက်တဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်



    6 min
  • ကြာအင်းဆိပ်ကြီးမြို့ကို ကရင်လက်နက်ကိုင်တပ်များ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်

    ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ကွီးလုံတိုင်၊ ကနဲ​လေးတပ်စခန်းနဲ့  ကြာအင်ဆိပ်ကြီးမြို့ကို KNLA ပူးပေါင်းတပ်တပ်ဖွဲ့တွေ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီသတင်းကို အောင်ခန့် ပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 ( ၂ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ 

    -ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၃ မြို့နဲ့  ကရင်ပြည်နယ် မြို့ ၁ မြို့တို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားလိုက်တဲ့သတင်း

    -ကော့သောင်းမှာ မလေးရှားကိုပို့မယ့် ကျပ် ဘီလီယံ ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့သတင်းနဲ့

    -အိန္ဒိယ မဏိပူပြည်နယ်မှာ  ရဲအရာရှိ ၁ ဦး အသတ်ခံရမှုနဲ့  မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရတဲ့သတင်း တွေနားဆင်ကြရမှာပါ

    6 min
  • ရှမ်းမြောက်တိုက်ပွဲများကိစ္စ တရုတ်ဝန်ကြီးနှင့် မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေး

    မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇စစ်ဆင်ရေးလုပ်နေချိန်မှာပဲ တရုတ်နိုင်ငံတော် ကောင်စီဝင်ဟာ နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ် ကောင်စီဝင်ရဲ့ ခရီးစဉ်နဲ့ ပက်သက်လို့ထင်မြင်ယူဆက်ချက်တွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပက်သက်လို့

    လေ့လာသူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။ 

    4 min
  • DVB Newsbreak 5.5 ( ၁ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ 

    -ရှမ်းမြောက်တိုက်ပွဲကိစ္စ   တရုတ်ဝန်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့သတင်း 

    -ရှမ်းမြောက်တိုက်ပွဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့  တရုတ်က တိုက်တွန်းလိုက်တဲ့သတင်းနဲ့

    ဘူးသီးတောင်အကျဥ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။


    6 min
  • DVB Newsbreak 5.5 ( ၃၁ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၃၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ 

    -၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီခံတပ်စခန်း ၇၀ ကျော်  သိမ်းပိုက်ခံရတဲ့သတင်း 

    -တရုတ်လုံခြုံရေးဆိုင်ရာဝန်ကြီး မြန်မာနိုင်ငံလာရောက်ပြီး နယ်စပ်ဒေသလုံခြုံရေးကိစ္စ ဆွေးနွေးနေတဲ့သတင်းနဲ့ 

    -ရှမ်းပြည်နယ်ရှိ ပင်းပက် သံမဏိစက်ရုံ စီမံကိန်း ပိတ်သိမ်းဖို့ ဒေသခံတွေက  တောင်းဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ


    6 min