DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • လွိုင်ကော်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ အချိန်ကနေ နိုဝင်ဘာလ ၁၉ ရက်အထိ အရပ်သား ၇၀ ခန် သေဆုံး

    ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ ၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ အချိန်ကနေ နိုဝင်ဘာလ ၁၉ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆၈ ယောက်သေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးအဖွဲ့ KHAI က ထုတ်ပြန်ပါတယ်။ ဒီသတင်းကို လင်းအိမ် ပေးပို့ထားတာပါ။

    3 min
  • DVB Newsbreak 5.5 ( ၂၁ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    မလေးရှားနိုင်ငံသား ၁၀၀ ကျော် လောက်ကိုင်တွင် ပိတ်မိနေ

    (တကျော့ပြန်တိုက်ပွဲကြောင့် ရခိုင်နဲ့ ချင်းမှာ စစ်ပြေး ၂၆၀၀၀ ထပ်တိုးလာ)

    ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းခံရ



    6 min
  • အာဏာသိမ်းကာလအတွင်း ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရ

    အာဏာသိမ်းကာလအတွင်း ကလေးသူငယ်တွေ ပညာသင်ကြားခွင့် အပြည့်အဝ မရှိတာ၊ အသက် အန္တရာယ် လုံခြုံရေး အာမခံချက် မရှိတာ၊ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်တွေက စာသင်ကျောင်းတွေမှာ တပ်စွဲတာ၊ ဗုံးကြဲ တိုက်ခိုက်တာတွေဟာ ဂျန်နီဗာကွန်ဗန်းရှင်းကို ပြောင်ပြောင်ထင်ထင် ချိုးဖောက်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။ 

    4 min
  • DVB Newsbreak 5.5 ( ၂၀ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ  ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -မြန်မာအရေး အာဆီယံအတွက် ဖြေရှင်းရန်ခက်ခဲတဲ့ ပြဿနာဖြစ်တယ်လို့  ဖိလစ်ပိုင်သမ္မတက ပြောကြားလိုက်တဲ့သတင်း 

    -ကိုးကန့်တိုက်ပွဲမှာ ပိတ်မိနေတဲ့  ထိုင်းနိုင်ငံသား  ၂၀၀ ကျော်  ဘန်ကောက်ကို ပြန်ရောက်လာတဲ့သတင်းနဲ့

    -မြန်မာပြည်တွင်းမှာ ဘဏ်အပ်ငွေတွေ ပြန်ထုတ်ယူသူတွေ ပိုများပြားလာတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်


    7 min
  • " စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေး" (WeeklyNewsDigest18112023)

    " စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေး" (WeeklyNewsDigest18112023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စူပါပါဝါ အမေရိကန်-တရုတ် ပြေလည်မှုနဲ့ မြန်မာ့အရေးသက်ရောက်မှု၊ တကျော့ပြန်ရခိုင်စစ်ပွဲ၊ ၁၁၁၁ လွိုင်ကော်စစ်ဆင်ရေး စတာတွေကို  ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

    30 min
  • ‘Drone’ကို စစ်ကောင်စီတပ် ဒူးတုန်အောင် အကြောက်ဆုံးဖြစ်ဟု NUG ဝန်ကြီးပြော

    နိုင်ငံတဝန်း လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ခုခံတွန်းလှန်စစ်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကြောက်ဆုံးက ‘Drone’ တွေဖြစ်ပြီး ဒါကို တားဆီးနိုင်တဲ့ အနေအထားမရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ Drop ဗုံးတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်နေကြပြီး ကမ္ဘာ့စစ်ပွဲတွေမှာလည်း ဒရုန်းတွေ ပိုမို အသုံးပြုလာကြတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှာ ပြောကြားလိုက်တာပါ။

    ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က  “ခေတ်သစ်တိုက်ပွဲတွေမှာတော့ ဒရုန်းက အရေးကြီးလာတယ်။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုပဲ ကြည့်ကြည့်၊ ကမ္ဘာပေါ်မှာရှိတဲ့ စစ်ပွဲတွေကိုပဲ ကြည့်ကြည့်၊ အခုလက်ရှိ အခြေအနေမှာတော့ ဒရုန်းက အရေးပါတဲ့နေရာမှာ ပါလာတယ်။ Game Changer ဖြစ်လာတာပေါ့။ အဲဒီနေရာမှာ မောင်းသူမဲ့လေယာဉ်လို့လည်း ပြောလို့ရတယ်။ UAV ပေါ့။ ဒါတွေကလည်း တိုက်ပွဲဝင် ဒရုန်းတွေပေါ့။ ကျနော်တို့ တော်လှန်ရေးမှာတော့ အခုလက်ရှိ စကစ အကြောက်ဆုံးက ကျနော်တို့ရဲ့ ပြည်တွင်းဖြစ် ဒရုန်းတွေပါပဲ”လို့ပြောပါတယ်။

    လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ‘Drone’ တွေ အရေအတွက် ထောင်နဲ့ချီ အသုံးပြုတိုက်ခိုက်နေတာ ဖြစ်တယ်လို့  ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပြောထားပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ တပ်စခန်းတချို့ Drop Bomb တွေနဲ့ပဲ Drone သုံးပြီးတော့ Drop Bomb နဲ့ပဲ အကြိမ်ကြိမ်လာရောက် တိုက်ခိုက်ရတယ်လို့ ဝန်ခံ ပြောထားပါတယ်။

    တာမိုးညဲမှာရှိတဲ့ အမှတ်(၂၉၀) ခြေလျင်တပ်ရင်းကို ပြီးခဲ့တဲ့ရက်က  Drone တွေနဲ့ Drop Bomb အလုံးရာကျော်လောက်ချပြီး တိုက်ခိုက်နေတာရှိကြောင်းနဲ့ ပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေအရ Drone သုံးပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    လက်ရှိတော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး NUG ဝန်ကြီး  ဦးထင်လင်းအောင်က “ကျနော်တို့မှာ ပြည်တွင်းဖြစ် ‘Drone’ တွေ ရှိတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ Federal Wings ဆိုရင် စိုက်ပျိုးရေး ‘Drone’ တွေကို သုံးထားတယ်လို့ သူတို့ဘက်က စွပ်စွဲထားတယ်။ တရုတ်ကနေ သွင်းတယ်လို့ စွပ်စွဲတယ်။ တရုတ်ကနေ ထုတ်တဲ့ ‘Drone’ တွေကတော့ နေရာအနှံ့အပြားမှာ ရှိနေတာပဲ။ တိုင်းပြည်အနှံ့မှာ တရုတ်ထုတ်ပစ္စည်းတွေ ရောက်နေတာဆိုတော့ တရုတ်ထုတ်ပစ္စည်းလို့ ပြောတာ ယေဘုယျဆန်ပါတယ်။ ကျနော်တို့ Federal Wings ပဲ ပြောပြော၊ တခြားသော ‘Drone’ အဖွဲ့တွေပဲ ပြောပြော၊ အစိတ်အပိုင်းတွေကို ကျနော်တို့ ကိုယ်တိုင် တီထွင်ထားတာတွေ ပါတယ်။ ပြန်ပြီး Modified လုပ်ထားတာတွေ ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ Jammer တွေကို ကျော်နိုင်အောင် ပြန်ပြီး reverse engineering လုပ်ထားတဲ့ကိစ္စတွေ ရှိတယ်။ ဒီလိုမျိုး နည်းပညာအသာနဲ့ ကျနော်တို့က တိုက်နေနိုင်တဲ့အတွက် စကစက ကျနော်တို့ရဲ့ Federal Wings ဆိုရင် ဖင်တုန်အောင် ကြောက်နေတာပေါ့။ သူတို့ရဲ့ Jammer တွေက ကျနော်တို့ရဲ့ Federal Wings တွေကို တားဆီးနိုင်တဲ့ အနေအထား မရှိဘူး။ ဖြိုဖျက်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ ဘယ်လိုမှ တားနိုင်တဲ့အနေအထား မရှိတဲ့အတွက် သူတို့ ခဏခဏ မိန့်ခွန်းတွေ၊ လျှို့ဝှက်အစည်းအဝေးတွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ ထည့်သွင်းပြောနေရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဒါက ကျနော်တို့ရဲ့ အားသာချက်ပါ။ Spring Revolution နွေဦးတော်လှန်ရေးရဲ့ အားသာချက်ဟာ ဒီနေရာမှာ အချက် သွားဖြစ်နေတယ်။ အခု တောင်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေပဲ ကြည့်ကြည့်၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေပဲ ကြည့်ကြည့်၊ ‘Drone’ တွေကို အသုံးပြု အားသာချက်ယူပြီး စခန်းတွေ သိမ်းတဲ့နေရာမှာ Game Changer ဖြစ်လာတာ လူတိုင်း တွေ့နိုင်တယ်”လို့ပြောပါတယ်။

    Federal Wings တပ်ဖွဲ့ရဲ့ ‘Drone’ တွေက  ဘယ်နေရာ၊ ဘယ်လောက်အကွာအဝေး၊ ဘယ်လိုအမျိုးအစား၊ ဘယ်လောက်အလေးချိန်နဲ့ ဗုံးသီးဘယ်လောက်အထိ သယ်နိုင်မယ်ဆိုတာကအစ သေသေချာချာ အသေးစိတ် သုတေသနလုပ်ပြီး   စိတ်ကြိုက်သုံးလို့ရအောင် ပြန်ထွင်ထားတာဖြစ်ကြောင်းနဲ့  အရပ်သားပြည်သူတွေ မထိခိုက်အောင်လည်း အလေးထားဆောင်ရွက်တယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။ 

    8 min
  • DVB Newsbreak 5.5 ( ၁၇ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -ICJ တရားရုံးမှာ မြန်မာကိုစွဲဆိုထားတဲ့အမှုကို ဂမ်ဘီယာဘက်ကနေ ကနေဒါနဲ့  ဥရောပ ၅ နိုင်ငံက ပူးပေါင်းပါဝင်မယ်လို့ ကြေညာလိုက်တဲ့သတင်း

    -ဘဏ်နဲ့ပတ်သက်ပြီး ထွက်နေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ ဘဏ်လုပ်ငန်းတွေ ပုံမှန်အတိုင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာလိုက်တဲ့သတင်းနဲ့

    -ကိုးကန့်သူဌေး မြီရှောက်ချန်း သူ့ကိုဖမ်းဆီးစဉ်သတ်သေသွားပြီး သူ့  မိသားစုဝင် ၂ ဦးကို တရုတ်ဘက် လွှဲပေးလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်


    6 min
  • DVB Newsbreak 5.5 ( ၁၆ ရက်၊ နိုဝင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  နိုဝင်ဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ မုန်တိုင်းငယ် ဖြစ်ပေါ်နေတဲ့သတင်း 

    -၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်ရှိလာတဲ့သတင်းနဲ့ 

    -အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ထပ်ချလိုက်တဲ့သတင်းတွေနားဆင်ကြရဖို့ရှိပါတယ်။


    6 min
  • စစ်ကောင်စီတပ်များ ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းရန် KNDF ဒု-စစ်ဦးစီးချုပ် ဖိတ်ခေါ်

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်တိုင်နဲ့ မိသားစုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အလေးထားတဲ့အနေနဲ့ လက်နက်နက်ချပြီး ပြည်သူဘက်ကို ပူးပေါင်းဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ်က  တိုက်တွန်းလိုက်ပါတယ်။

    6 min
  • လွိုင်ကော်တိုက်ပွဲ နောက်ဆုံးအခြေအနေ- ဗညားခွန်အောင်နှင့် DVB မေးမြန်းချက်

    ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ပြီး  ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေသလို ၄ ရက်အတွင်း သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    လွိုင်ကော်မြို့တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ထိခိုက်သေဆုံးမှု၊ လူသားချင်းစာနာမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အတွင်းရေးမှူး ဗညားခွန်အောင်ကို ဒီဗွီဘီ အကြီးတန်းသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

    16 min