
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၈ ဒီဇင်ဘာ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-ပလက်ဝမြို့နယ် နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အေအေက သိမ်းပိုက်လိုက်တဲ့သတင်း
-နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်နေပြီး ပြည်သူတွေ တန်းစီ ဝယ်ယူနေကြတဲ့သတင်းနဲ့
-ဖေ့စ်ဘွတ်ခ်မှာ စစ်ကောင်စီကို ဝေဖန်မှုနဲ့ ဧရာဝတီတိုင်းက အမျိုးသမီးတွေအပါအဝင် လူ ၃၀ ကျော် ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၇ ဒီဇင်ဘာ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိရန်မျှော်လင့်ဟု တရုတ်ဝန်ကြီးပြော ကြားလိုက်တဲ့သတင်း
စစ်ခေါင်းဆောင် ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးမှာ လျှောက်ထားလိုက်တဲ့သတင်းနဲ့
နေပြည်တော်ရှိစက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်သွားပြီးလောင်စာဆီရောင်းချမှု ရပ်နားထားရတဲ့သတင်းတွေနားဆင်ရမှာပါ
စစ်ကောင်စီတပ်က Cluster ဗုံးတွေအပြင် ဓာတုဗုံးတွေကိုပါ ထုတ်သုံးနေပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ကြတဲ့ MNDAA, TNLA, AA တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။ မြို့ပေါင်း ၂၀ ဝန်းကျင်နဲ့ စစ်စခန်း ရာနဲ့ချီပြီး လက်လွှတ်ထားရတဲ့ စစ်တပ်က နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ဗုံးတွေကို တကယ်ပဲ အသုံးပြုနေပြီလား သိနိုင်ဖို့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီး စိုးသူအောင်က သတင်းပေးပို့ ထားပါတယ်။
ကော့ကရိတ်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုတွေရ ပ်နားထားရပြီး မြန်မာ-ထိုင်း နယ်စပ်မှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။။ ဒီသတင်းကို အောင် ခန့်ပေးပို့ထားပါတယ်။
-လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း
-မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNU က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီ ပြတ်လပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
တရုတ်အစိုးရက မြန်မာနယ်စပ်မှာနေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေကို ဒီတစ်ပတ်အတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းနေပါတယ်။ အဲဒီအပြင် တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်မယ့်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လို့ တရုတ်မြန်မာနယ်စပ်မှာ နေထိုင်နေတဲ့သူတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဂျာမနီက လက်မခံဘဲ ငြင်းဆိုလိုက်တဲ့သတင်း
-မူဆယ်မြို့နယ်နဲ့ ရွှေကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရပြီး ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်း
-ခရိုနီ ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ ထိုင်းလွှတ်တော်အမတ်ရဲ့ ပိုင်ဆိုင်မှု ဘတ်သန်း ၄၀၀ ကျော် သိမ်းဆည်းခံရသတင်းတွေ နားဆင်ရဖို့ရှိပါတယ်
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ၄ ဒီဇင်ဘာ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-“မိကျောင်း” ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်း လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း
-မုံရွာမြို့နယ်မှာ ကြာပိုင်ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့
-ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတွေ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ ရောင်းစားခံနေရတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ စကစ-ပေါက်ဖော်ဆက်ဆံရေးဘယ်လဲ၊ ဩဇာအရှိဆုံး အမေရိကန်သံတမန် ကစ်ဆင်ဂျာ ၊ ကမ္ဘာ့AIDS နေ့နဲ့ ဒူဘိုင်း COP28 ညီလာခံစတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS နေ့
ဒီနေ့ အခမ်းနားမှာတော့ ကမ္ဘာတဝန်း AIDS ရောဂါကြောင့် သေဆုံးခဲ့သူတွေကို
အခမ်းအနားကို ထိုင်းနိုင်ငံကကျန်းမာရေးအဖွဲ့တွေ
မဲဆောက်မြို့မှာ ART ဆေးသောက်နေရသူ ၂၀၀၀ လောက်ရှိပြီး မြဝတီဘက်မှာလည်း ၂၀၀၀ လောက် ရှိနေပါတယ်။
မြန်မာတပြည်လုံးမှာတော့ HIV ပိုးကူးစက်ခံနေရသူ ၂၈၀၀၀၀ လောက်ရှိတယ်လို့
ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ကို နှစ်စဉ် ဒီဇင်ဘာ ၁ ရက်နေ့
အခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Let communities lead” “အေအိုင်ဒီအက်စ်