DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့ ဒုအကြိမ်ဆွေးနွေးပွဲ ဘာထူးမလဲ

    စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေအကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ဘာတွေထူးနိုင်မလဲ လေ့လာသူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

    4 min
  • "ဘိန်းနဲ့ မူးယစ်ဆေးမှာ ထိပ်ဆုံးကမြန်မာ" (WeeklyNewsDigest23122023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ဘိန်းနဲ့ မူးယစ်ဆေးမှာ ထိပ်ဆုံးရောက်လာတဲ့ မြန်မာ၊ စစ်ဘေးရှောင်အရေးနဲ့ လူသားချင်းစာနာမှုအကူအညီ၊ ဆောင်းရာသီနဲ့ ကိုဗစ်မျိုးကွဲသစ် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်

    30 min
  • ကေအန်ယူနှင့် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အထိရှိလာ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းသူ အရာရှိအပါအဝင်တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်ရှိသွားပြီလို့  တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။ ဒီသတင်းကို အောင်ခန့်ပေးပို့ထားပါတယ်။ 

    3 min
  • DVB Newsbreak 5.5 ( ၂၂ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လက်နက်ကြီးထိမှန်ပေါက်ကွဲပြီး ဒဏ်ရာရမည်ကို ရှမ်းမြောက်ဒေသခံများ စိုးရိမ်တဲ့သတင်း

    -လွိုင်ကော်ထောင်၌ အကျဉ်းသား ၅၀၀ ကျော်ပိတ်မိနေပြီး ဆေးဝါး၊ စားနပ်ရိက္ခာပြတ်နေတဲ့သတင်း 

    -မြဝတီ-မဲဆောက် လမ်းကြောင်းမှ မြန်မာ MOU လုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းတဲ့သတင်းကို နားဆင်ရမှာပါ။ 


    6 min
  • DVB Newsbreak 5.5 ( ၂၁ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -ရန်ကုန်မြို့မှာ ဒေါ်လာဈေးတက်လာတာနဲ့အတူ ဆေးဝါးဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတဲ့ သတင်း

    -YBS ဘတ်စ်ကားတွေ   ည ၁၀ နာရီထိ ပြေးဆွဲဖို့ ညွန်ကြားချက်ထုတ်လိုက်တဲ့သတင်းနဲ့ 

    -ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင် စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ


    6 min
  • DVB Newsbreak 5.5 ( ၂၀ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -သဘောတူထားတဲ့အတိုင်းဆောင်ရွက်ကြဖို့  စစ်ကောင်စီနဲ့  ညီနောင် ၃ ဖွဲ့ကို တရုတ်နိုင်ငံက တိုက်တွန်းလိုက်တဲ့သတင်း

    -ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းဘေးတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို KNU က ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့သတင်းနဲ့ 

    - အိန္ဒိယနိုင်ငံ မဏိပူရ် အင်ဖာထောင်မှာ  အစာငတ်ခံဆန္ဒပြတဲ့  မြန်မာအမျိုးသမီးတွေ ရိုက်နှက်ခံရတဲ့သတင်းတွေကို နားဆင်ကြရမှာပါ။


    6 min
  • DVB Newsbreak 5.5 ( ၁၉ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -မြန်မာပြည် လူဦးရေရဲ့ သုံးပုံတပုံဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း 

    -အမေရိကန်နဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးတာဝန်ရှိသူတွေ  မြန်မာ့အရေး ဆွေးနွေးတဲ့သတင်းနဲ့ 

    -နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA သိမ်းပိုက်လိုက်ပြီး တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းဂိတ်ကို MNDAA က ထိန်းချုပ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • ထောင်တွေကနေ စစ်မှုထမ်းဖို့ စစ်မှုထမ်းဟောင်းတွေကို ခေါ်ထုတ်

    ထောင်တွေကနေ စစ်မှုထမ်းဖို့ ခေါ်ထုတ်သွားတဲ့ စစ်မှုထမ်းဟောင်းတွေ အများစုက စစ်မှုမထမ်းလိုတာကြောင့် ထောင်တွေကို ပြန်ပို့လိုက်ပါတယ်၊ ဒီသတင်းကို မင်းညိုက ပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 ( ၁၈ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -ပိုဆိုးလာတဲ့ မြန်မာ့အရေး အာဆီယံ ဖြေရှင်းဖို့ ဖိလစ်ပိုင်သမ္မတက တိုက်တွန်းလိုက်တဲ့သတင်း 

    -မြန်မာစစ်ရှောင်တွေကို  နေရပ်ပြန်မပို့ဖို့နဲ့  ထိုင်းရောက် ရွေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေး ဆောင်ရွက်ပေးဖို့ အလုပ်သမားအဖွဲ့တွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်တဲ့ သတင်းနဲ့   

    -ကရင်ပြည်နယ်က စစ်ကောင်စီအခိုင်အမာ တပ်စခန်း  ထီးထ/ဖဲထာ စခန်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့သတင်းတွေနားဆင်ကြရမှာပါ။


    5 min
  • "တရုတ်စွက်ဖက်မှုနဲ့ ၁၀၂၇ စစ်ဆင်ရေး၊" (WeeklyNewsDigest17122023)


    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ တရုတ်စွက်ဖက်မှုနဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ပလက်ဝလွတ်မြောက်တော့မလား၊ ဇလန်စကီးရဲ့ ဝါရှင်တန်ခရီး၊ ဂါဇာအရေးနဲ့ ကုလသမဂ္ဂ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min