DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • သိန္နီနဲ့ ကွတ်ခိုင်မြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်

    သိန္နီနဲ့ ကွတ်ခိုင်မြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်ထားလိုက်ပြီလို့ TNLA နဲ့ MNDAA တာဝန် ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီမြို့တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနိုင်သေးလို့ ဒေသခံ အများစုကတော့ ပြန်မနေရဲကြသေးပါဘူး။ အပြည့်အစုံကို စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

    3 min
  • DVB Newsbreak 5.5 ( ၉ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    - စစ်ကောင်စီက ဗိုလ်ချုပ် ၂ ဦးနှင့် ဗိုလ်မှူးချုပ် ၂ ဦးကို အရန်အင်အား ပြောင်းရွှေ့၊ ဝန်ကြီး ၃ ဦး ခန့်အပ်လိုက်တဲ့သတင်း 

    -သံဖြူဇရပ် ထွေအုပ်ဒုဦးစီးမှူးနှင့်လုပ်ငန်းရှင် ၂၀ ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်တဲ့သတင်းနဲ့ 

    -မြန်မာဂန္ထဝင် အဆိုတော်ကြီး မာမာအေး ကွယ်လွန် သွားတဲ့သတင်းကို နားဆင်ရမှာပါ။ 


    7 min
  • DVB Newsbreak 5.5 ( ၈ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    - မြောက်ဦးမြို့အနီး သင်းကျိတ်တော်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော် လက်နက်ချအညံ့ခံတဲ့သတင်း

    -မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမလို့  မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော လိုက်တဲ့သတင်း

    -အွန်လိုင်းလိမ်လည်မှုဖြိုခွင်းရေး တရုတ်ဝန်ကြီးနှင့်  စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးတို့ ဆွေးနွေး တဲ့သတင်း

    6 min
  • တမူးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး အနည်းဆုံး ပြည်သူ ၁၅ ဦး သေဆုံး

    တမူးနယ် ကနန်ရွာ နှစ်ခြင်းဘုရားကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် ကနဦးသတင်းအရ ကလေးငယ်တွေ အပါအဝင် ရုပ်အလောင်း ၁၅ လောင်း ရရှိထားပြီး ပြည်သူ ၃၀ ဝန်းကျင် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။

    3 min
  • "NUG ရဲ့ တရုတ်မူဝါဒ သုံးသပ်ချက်" (WeeklyNewsDigest 07012024)

    DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ လွတ်လပ်ရေးနဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့်၊ NUG ရဲ့ တရုတ်မူဝါဒ၊ ဂျပန်ငလျင်စတဲ့ စိတ်ဝင်စားစရာသတင်းတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် ပါဝင်

    ဇန်နဝါရီ ၄ ရက်  ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အထဲမှာ 

    နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် ပါဝင်တယ်လို့  DVB အနေနဲ့
    စုံစမ်းသိရပါတယ်။


    4 min
  • DVB Newsbreak 5.5 ( ၅ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ဒကစနဲ့   ခလရ -၂၃၉ အားလုံး MNDAA ထံ လက်နက်ချတဲ့သတင်း

    -ရှမ်းမပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ဗုံးခိုကျင်းပြိုကျပြီး ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ တဲ့သင်း

    -ပလက်ဝတွင် စစ်ကောင်စီဌာနဆိုင်ရာရုံးများပိတ်၊ ကျန်းမာရေးဝန်ထမ်းများ ထွက်ပြေး သွားတဲ့သတင်း


    6 min
  • အာဏာသိမ်းစစ်ကောင်စီက သက်တမ်း ၆ လ ထပ်မံ တိုးယူမယ့်အခြေအနေရှိ

    ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့ အခင်းအကျဉ်းမဟုတ်သေးတာကြောင့် အာဏာသိမ်းစစ်ကောင်စီက သက်တမ်း ၆ လ ထပ်မံ တိုးယူမယ့်အခြေအနေရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ကြပါတယ်၊ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 ( ၄ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၉ထောင်ကျော် ပြန်လွှတ်ပေးလိုက်တဲ့သတင်း

    -ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တဲ့သတင်းနဲ့ 

    -၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က အစုအပြုံလိုက်သတ်ဖြတ်မှု ၈၆ ခုထိ ကျူးလွန်ခဲ့တယ်လို့ အန်ယူဂျီက အစီရင်ခံစာထုတ်ပြန်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ


    5 min
  • DVB Newsbreak 5.5 ( ၃ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ကေအိုင်အေ ပစ်ချ 

    - ညောင်လေးပင်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူ ၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်

    -အလုပ်သမား ၁,၀၀၀ နီးပါး လုပ်ကိုင်နေတဲ့ Honor Apparel အထည်ချုပ် ပိတ်သိမ်းမည်

    5 min